ကလေးမြို့က တော်လှန် ကဆုန်ညောင်ရေသွန်းပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တနေရာမှာ ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် တော်လှန် ကဆုန်ညောင်ရေသွန်းပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တွေဆီက သိရပါတယ်။

“ရဲဘော်တွေနဲ့ ကျေးလက်‌နေပြည်သူတွေ ပူးပေါင်းပြီး ကဆုန်လပြည့်နေ့မှာ တော်လှန် ညောင်ရေသွန်းပွဲဆိုပြီးမှ ပြုလုပ်ခဲ့ကြတာပါ”လို့ ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီဝင်တဦးက ပြောပါတယ်။

မေ ၂၂ရက် ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြတာဖြစ်ပြီး နယ်မြေမတည်ငြိမ်တဲ့ကြားက “ဖက်ဆစ်စစ်တပ်ကို လေယာဥ်ဆီ ရောင်းပေးနေတာ ချက်ချင်းရပ်တန့်ရေး” ဆန္ဒပြ လှုပ်ရှားမှုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #တော်လှန်ကဆုန် #လူထုတိုက်ပွဲဦးဆောင်ကော်မတီ #ဆန္ဒပြ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10