ကလေးမြို့က ခိုးဆိုးလုနှိုက် လူမိုက်ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ကလေးမြို့က ခိုးဆိုးလုနှိုက် လူမိုက်ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်က ပျူစောထီးအဖွဲ့ရဲ့ ခေါင်းဆောင်ဆိုသူကို မတ်လ ၅ ရက်မနက် ၁၂ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြို့ပြ UG အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

 

သေဆုံးသူမှာ အောင်မေတ္တာရပ်ကွက်နေ ချမ်းမြေ့အောင်(ခ)ဖိုးချမ်းဖြစ်ပြီး၊ သူ့ကို စမ်းမြို့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့မှ ဦးဆောင်သူ ကိုရန်မင်းနိုင်က ပြောပါတယ်။

"ခေါင်းကို သုံးချက် ပစ်ခဲ့တာပါ။ နေရာမှာတင် ပွဲချင်းပြီးတယ်။ သူက အဲဒီရပ်ကွက်ကို ဘာသွားလုပ်တာလဲတော့ မသိဘူး။ သူက တယောက်တည်းသွားနေတာ" လို့ ဆိုပါတယ်။

ဖိုးချမ်းမှာ က‌လေးမြို့ပေါ်နဲ့ ကျေးရွာတွေက ဆိုင်ကယ် အစီးပေါင်း ၁၀၀ ကျော် ခိုးယူရာမှာ ဂိုဏ်းခေါင်းဆောင် ပြုလုပ်သူ၊ အိတ်စွပ်ရွာက ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့် သတ်ထားခဲ့သူ၊ ရွှေဘုံသာဘုရားကြီးလမ်းက လူမိုက်ကျော်ကြီးတို့အဖွဲ့အား ဦးဆောင်ကာ ခိုးဆိုးလုနှိုက် အနုကြမ်းစီးရန် စေခိုင်းခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးမြို့ရွှေဆိုင်တဆိုင်ကို သေနတ်အတိုတလက်နဲ့ အနုကြမ်းစီးခဲ့ဖူးသူ၊ တော်လှန်ရေးသမားတွေကို ဖမ်းဆီးရာမှာ ​ရှေ့က ဦးဆောင်ပြီး ပါဝင်သူ ဖြစ်သလို PDF တွေရဲ့ လည်းချောင်းသွေးဖောက်သောက်မည်ဟု ကြိမ်းဝါးထားသူ ဖြစ်တယ်လို့ ကိုရန်မင်းနိုင်က ပြောပါတယ်။

ဒါ့အပြင် ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့အနေနဲ့ မြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ လက်ပါးစေသူတွေကို သတိပေးထားတယ်လို့ ဆိုပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10