သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇူလိုင် ၁၉ ရက်မှာကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ဆန္ဒပြလှုပ်ရှားမှုနဲ့ လူထုချီတက် ဂါရဝပြုလှုပ်ရှားမှုတို့ကိုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီလှုပ်ရှားမှုတွေကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ပြီး မြို့လယ်ကောင်မှာ ပြုလုပ်ခဲ့တဲ့လှုပ်ရှားမှုမှာတော့ စစ်ကောင်စီက အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ ကင်းပတ်နေတဲ့ကြားထဲကနေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
"အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ရေးထိုးကြ" ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ လူထုချီတက်ဂါရဝပြုလှုပ်ရှားမှု ကိုတော့ ကလေးမြို့တနေရာမှာပြုလုပ်ခဲ့ပြီး တော်လှန်သော ကလေးမြို့ဒေသခံတွေပါ ပါဝင်ခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဝင်တဦးက ပြောပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #ကလေး #အာဇာနည်နေ့ #ချီတက် #ဆန္ဒပြ
Share Share Share