ကလေးမြို့စာရင်းစစ်ရုံးက စစ်ကောင်စီတပ် ပစ်ခတ်ခံရလို့ စကားရပ်ပြောနေတဲ့စစ်ကောင်စီတပ်သား ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ကလေးမြို့စာရင်းစစ်ရုံးက စစ်ကောင်စီတပ် ပစ်ခတ်ခံရလို့ စကားရပ်ပြောနေတဲ့စစ်ကောင်စီတပ်သား ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်မှာရှိတဲ့ စာရင်းစစ်ရုံးထဲတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ မတ်လ ၂၇ ရက် ည ၆ နာရီကျော်အချိန်မှာ ပစ်ခတ်ခံရတာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့စာရင်းစစ်ရုံးထဲမှာ စစ်ကောင်စီတပ်သား ၄၀ ခန့်က တပ်စွဲထားတာဖြစ်ပြီး ကင်းဘန်ကာရှေ့မှာ စကားရပ်ပြောနေတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ထိမှန်ကာ ၁ ဦး သေဆုံးခဲ့တာလို့ ကလေးမြို့ပြစီမံချက် UGအဖွဲ့ဦးဆောင်သူ ကိုရန်မင်းနိုင်က ပြောပါတယ်။


"ဘန်ကာအရှေ့မှာရပ်ပြီး စကားပြောနေကြတဲ့ စကစ ၃ ကောင်ကို ပစ်ခဲ့တာ။ အဲဒီမှာ အလယ်က ကောင်က ပွဲချင်းပြီးပါပဲ။ ကျန် ၂ ကောင်ကတော့ စစ်ဆေးရုံ ပို့လိုက်ရတယ်လို့ သိထားရတယ်။ အဲ့ဒီရုံးစခန်းကိုတော့ ပထမအကြိမ် တိုက်ခိုက်တာပါ" လို့ ပြောပါတယ်။

အဲ့ဒီရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ -ကလေး)မှာ မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်မတော်နေ့ စစ်ရေးပြလျှောက်ပြီး ညနေပိုင်းမှ စာရင်းစစ်ရုံးကို ပြန်ရောက်လာချိန်မှာ အချိန်နာရီဝက်ခန့် အလစ်အငိုက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"စကစတွေ စာရင်းစစ်ရုံးမှာ တပ်စွဲထားတယ်ဆိုပေမယ့် သူတို့ထဲက ကောင်တွေ စစ်ရေးပြလည်း ပါတယ်။ စစ်ရေးပြလုပ်ပြီးအပြန် ရုံးမှာကင်းစောင့်နေရတာမျိုးလည်း မဟုတ်ဘူးပေါ့။ ပေါ့ပေါ့ဆဆနဲ့ ပုံမှန်အတိုင်းလို နေကြတာပေါ့။ ဒီအချိန်မှာ ကျနော်တို့က မီတာ ၅၀ အကွာကနေ M4နဲ့ကျည် ၂ ဘောက် အကုန်ပစ်ခတ်ခဲ့တာ။ ပစ်ပြီး မှန်တာ၊ သေတာသိတာနဲ့ ပြန်ဆုတ်ခဲ့တာပါ" လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပစ်ခတ်ခံရပြီးတဲ့နောက် သေနတ်တွေနဲ့ ဘေးပတ်ဝန်းကျင်ကို ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးအဖွဲ့တွေကို‌ရော ရုံးအနီးဝန်းကျင်က ဒေသခံပြည်သူတွေပါ အထိအခိုက်မရှိခဲ့ဘူးလို့ ကိုရန်မင်းနိုင်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ နဲ့ ၉ ရက်တို့မှာလည်း ကလေးမြို့၊ ခရိုင်ဆည်မြောင်းရုံးနဲ့ သစ်တောရုံးထဲမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီတပ်သားတွေကို ကလေးမြို့ပြစီမံချက် UG အဖွဲ့က ၄၀ မမဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10