ကလေးမြို့နယ်က စစ်ဘေးရှောင် ၄၀၀ ကျော်ကို NUG က ဆန်တင်း ၂၀၀ ထောက်ပံ့လှူဒါန်း

ကလေးမြို့နယ်က စစ်ဘေးရှောင် ၄၀၀ ကျော်ကို NUG က ဆန်တင်း ၂၀၀ ထောက်ပံ့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စစ်ဘေးရှောင်စခန်းတစ်ခုက စစ်ဘေးရှောင်ဦးရေ ၄၀၀ ကျော်ကို NUG က ဆန်တင်း ၂၀၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့  ကလေးမြို့နယ်‌တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက်က ဟံသာဝတီရွာနဲ့ ကျောက်ဆည်ရွာကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးခဲ့တာလို့ မြို့နယ်လူသားစာနာတာဝန်ခံ ပြောပါတယ်။

ကလေးမြို့နယ်လူသားစာနာတာဝန်ခံ ကိုအောင်ဇော်ထွန်းက "NUG ကနေပြီးထောက်ပံ့တာပါ။ စစ်ဘေးရှောင်တွေကတော့ အခုချိန်မှာတော့ စားဝတ်နေရေးအဓိကပါပဲ။ စားဝတ်နေရေးနဲ့ ဒီနေရာထိုင်းခင်းနဲ့ ဆေးဝါးစောင့်ရှောက်မှုပါပဲ။"လို့ ပြောပါတယ်။

အဲ့ဒီ စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီရဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုနဲ့ ဒေသတွင်းတိုက်ပွဲ‌တွေ၊ စစ်ကောင်စီလက်‌အောက်ခံပျူစောထီးရွာက ထွက်ပြေးလာကြသူတွေ ဖြစ်တယ်လို့သိရပါတယ်။

စစ်ဘေးရှောင်တွေမှာ ကာလရှည်ကြာစစ်ဘေးတိမ်းရှောင်နေရတာနဲ့အမျှ နေထိုင်စားသောက်ရေးပိုင်းတွေမှာ အကူအညီတွေလိုအပ်နေဆဲဖြစ်ပြီး NUG ရဲ့အစီအစဉ်နဲ့ဆက်လက်ပြီး စစ်ဘေးရှောင်စခန်းတွေကို ထောက်ပံ့လှူဒါန်းပေးဖို့ရှိနေတယ်လို့ ဆိုပါတယ်။

ကလေးမြို့နယ်မှာတော့ စစ်ဘေးရှောင်စခန်း ၂၀ ခုကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၁၆၀,၀၀၀ ကျော်နေထိုင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေရဲ့ စာရင်းပြုစုချက်အရသိရပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)ရဲ့ ၂၀၂၄ နိုဝင်ဘာ ၂၇ရက်နေ့ စားရင်းအရ  အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃.၄ သန်းရှိနေပါတယ်။

ဓာတ်ပုံ - ကလေးမြို့နယ်လူသားစာနာဖွဲ့။

သတင်း - သက်ဝေ၊ စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ရှောင် #NUG #ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10