ကလေးမြို့နယ်မှာ စစ်တပ်က အမျိုးသား ၄၀ ကျော် ဖမ်းဆီး၊ လူဖမ်းတာတွေ ဆက်တိုက်လုပ်လာ

ကလေးမြို့နယ်မှာ စစ်တပ်က အမျိုးသား ၄၀ ကျော် ဖမ်းဆီး၊ လူဖမ်းတာတွေ ဆက်တိုက်လုပ်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဘုံတောကျေးရွာမှာရှိတဲ့ အမျိုးသား ၄၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်သလို ကလေးမြို့ပေါ်မှာလည်း ဖမ်းဆီးခံရသူတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ဒီကနေ့ မနက် ၉ နာရီကျော်က စစ်ကောင်စီ အင်အား ၅၀ လောက်နဲ့ ကျေးရွာထဲကို ဝင်ရောက်လာတာဖြစ်ပြီး ၁၀ နာရီခွဲလောက်မှာ ရွာသားတွေကိုဖမ်းပြီး မြို့ထဲကို ပြန်သွားတယ်လို့ ဆိုပါတယ်။

“ရွာထဲကို ခြေလျင်ဝင်ပြီးကို ဆွဲသွားတာ။ လူငယ်တွေချည်းပဲ။ ဖမ်းထားတဲ့လူတွေကို ကားနဲ့ မြို့ထဲခေါ် ဝင်သွားတာကို တွေ့တဲ့သူတွေ ရှိတယ်။ မြို့ပေါ်မှာတော့ ဟိုရပ်ကွက်ထဲ ဝင်ဆွဲ၊ ဒီရပ်ကွက်ထဲ ဝင်ဆွဲပဲ။” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

ဘာကြောင့်ဖမ်းဆီးသွားတာဆိုတာကို ဒေသခံတွေလည်း မသိရှိရသေးလို့ ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၁၁ ရက် မနေ့ကလည်း မင်္ဂလာဥယျာဉ်ရပ်ကွက်မှာ အမျိုးသား ၂ ဦး၊ စက်ြာလမ်းနားမှာ ၃ ဦး စုစုပေါင်း ဒေသခံ ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂ ရက်ကလည်း ကလေးမြောက်ပိုင်း၊ ကျီကုန်းရွာက သီရိလင်္ကာဘုန်းကြီးကျောင်းမှာ ဒကစမှူးကိုယ်တိုင်းဆင်းကာ ပြည်သူ့စစ်အတွက် လူအင်အား ၄၀ မဖြစ်မနေပေးဖို့ တောင်းသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသ

#စစ်ကိုင်းတိုင်း #ကလေးမြို့နယ် #ဘုံတောကျေးရွာ #အမျိုးသား #စစ်တပ် #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10