ကလေးမြို့ပေါ်က စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရဟုဆို

ကလေးမြို့ပေါ်က စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရဟုဆို

ကလေးမြို့၊ စစ်ကောင်စီလက်အောက်ခံ ခရိုင်ဆည်မြောင်းရုံးအနီးမှာ အထိုင်ချတပ်စွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၆ ရက် မနက် ၁၁ နာရီမှာ တိုက်ခိုက်ခံရတာကြောင့် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်က စစ်ကောင်စီ ၅ ဦးမှာ ရှေ့ပြေးလာချိန် သစ်တောရုံးနဲ့ဆည်မြောင်းရုံးကြားအရောက် အသင့်ထောင်ထားတဲ့မိုင်း ၆ လုံးနဲ့ ဖောက်ခွဲတိုက်ခဲ့တာ ဖြစ်တယ်လို့ ကလေးမြို့ မြို့ပြစီမံချက် UG တပ်ရင်း ဦးဆောင်သူ ကိုရန်မင်းနိုင်က ပြောပါတယ်။

"ကျနော်တို့ မျက်စိရှေ့မှာတင် ၃ ယောက်က ပွဲချင်းပြီး သေတယ်။ နောက်ထပ်၂ ယောက်မှာ ဒဏ်ရာတွေ တော်တော်လည်း ပြင်းထန်လို့ ဆေးရုံကို ပို့လိုက်ကြတယ်" လို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေဟာ ဆည်မြောင်းရုံးအနီးက ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်ဖို့အတွက် ဂိတ်အသစ်ချဖို့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် တိုက်ခိုက်ခံရပြီးနောက် ပြန်လည်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၃ ရက်နေ့မှာလည်း စစ်ကောင်စီလက်အောက်ခံ ခရိုင်ဆည်မြောင်ရုံးထဲမှာ မိုင်း ၃ လုံးခွဲခဲ့တဲ့အပြင်  ရုံးအပြင်မှာ ရပ်ထားတဲ့ ဘက်ဟိုးတစီးကိုလည်း မီးရှို့ခဲ့တယ်လို့ God of Empire ရဲ့ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောဆိုထားပါတယ်။

ပုံစာ - မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ နေရာအနီးဝန်းကျင်ကို တွေ့ရစဉ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10