ကလေးမြို့ ပျဉ်းခုံလေးရွာ ၂ ရက်ဆက်မီးရှို့ခံနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ ပျဉ်းခုံလေးရွာကို စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၆၀ ခန့်ပါတဲ့ စစ်ကြောင်းက ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၁၉ ရက် မနေ့က မနက်ပိုင်းမှာ ရွာကိုဝင်ရောက်လာတာဖြစ်ပြီး ညနေ ၃နာရီခွဲမှာ မီးစရှို့ခဲ့ကာ နေအိမ်တချို့ ညဦးပိုင်းထိ မီးလောင်ကျွမ်းခဲ့ပြီး မတ် ၂၀ ရက် ဒီကနေ့ မနက် ၇နာရီကျော်မှာလည်း ဒုတိယအကြိမ် မီးထပ်ရှို့နေတယ်လို့ ဆိုပါတယ်။

“မြို့ထဲကစစ်**နဲ့ ပျူစောထီးတွေက မီးဝင်ရှို့နေတာ။ ကား၄ စီးနဲ့ သွားပြီး နန်စလူဘက်ကနေ ပျဉ်းခုံလေးကို ပတ်ဝင်တာ၊ စစ်ကြောင်းထိုးတာပေါ့။” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

ပျဉ်းခုံလေးကျေးရွာဟာ မြို့နဲ့ ၅ မိုင်ခန့် အကွာမှာရှိပြီး အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိကာ စစ်ကောင်စီ စစ်ကြောင်းတွေ ရှိနေသေးတဲ့အတွက်  နေအိမ် မီးလောင်ပျက်စီးမှုအခြေအနေက မသိနိုင်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

မတ် ၁၆ ရက်ကလည်း ကျောင်းတိုက်ရွာတိုက်ပွဲကို ပစ်ခတ်တဲ့ လက်နက်ကြီးက ပျဉ်းခုံလေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၁၀ နှစ်အရွယ် Angel Vanrempuii (အိန်ဂျယ် ဗန်ရဲမ်ပွီးအီ)၊ အသက် ၃၂ နှစ် အရွယ် Pi Edenthari (ဒေါ်ဧဒင်သာရ်အီ)နဲ့ အသက် ၆၂ နှစ် အရွယ် Pi Lalfamkimi (ဒေါ်လာလ်ဖန်ကီးမီး) တို့ ၃ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ကလေး #ပျဉ်းခုံလေးရွာ #မီးရှို့ #စစ်တပ် #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10