သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဇူလိုင် ၂၃ ရက်မှာကျရောက်တဲ့ ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ကြိုးပေးကွပ်မြက်ခံရခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အောက်မေ့သတိရခြင်းအခမ်းအနား လူထုသပိတ် ပြုလုပ်ခဲ့ကြတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဆီက သိရပါတယ်။
လူထုသပိတ်လှုပ်ရှားမှုအစီအစဉ်မှာ ကိုဇေယျာလွင်မှပေးပို့သော ရုပ်သံမှတ်တမ်းကို ကြည့်ရှုခဲ့ကြပြီးနောက် ရပ်ရွာဒေသခံကျောင်းသားတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ကျောင်းသားခေါင်းဆောင်တွေက ကျမ်းသစ္စာကျိန်ဆိုခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ကြပါတယ်။
❝သူရဲကောင်းတို့မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက် ❞ ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့တဲ့ဒီလှုပ်ရှားမှုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ခဲ့ပြီး ကလေးမြို့ဒေသခံ တော်လှန်ပြည်သူများက ပူးပေါင်းပါဝင်ခဲ့ ကြပါတယ်။
ကလေးမြို့ပေါ်က တော်လှန်ပြည်သူတွေကလည်း ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ကြိုးပေးသတ်ဖြတ်ခံရခြင်း (၂)နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် လှုပ်ရှားမှုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကြပ်နေတဲ့ကြားကပဲ ကလေးမြို့ပေါ် တနေရာမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #ကလေး #ကွပ်မြက် #လူထုသပိတ်
Share Share Share