သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
           
        
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ ဆေးဆိုင်တွေမှာ ဆေးဝါးပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ ဆရာဝန်တွေဆီက သိရပါတယ်။
လူနာတွေအတွက် အရေးပေါ်အသုံးပြုရတဲ့ Injection Dopamine၊ Injection Dobutamine၊ Injection Ephedrine၊ Gauze Roll နဲ့ Betadine ဆေးရည်တို့ ပြတ်လပ်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။
"ငွေကြေးဖောင်းပွမှုနဲ့ ဈေးနှုန်းတွေ အဆမတန်တက်လာတာကြောင့်လည်း တချို့ဆေးဆိုင်တွေက ရှိလျက်နဲ့ မရောင်းပေးတော့တာလည်း ကြုံရတယ်ဗျ" လို့ People's Healthcare Network (Kalay)မှတာဝန်ခံ ဆရာဝန်ကြီး Dr.Joshua က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ မြောက်စည်းရဲစခန်းသိမ်းပွဲနောက်ပိုင်းမှစတင်ကာ လက်ရှိအချိန် (၂၀၂၄ ဇူလိုင် ၁၅ ရက်)အထိ ဆေးဝါးသယ်ယူ၊ ရောင်းချမှုတွေကို စစ်ကောင်စီတပ်က တင်းကျပ်ထားတာကြောင့် ကလေးမြို့ပေါ်နဲ့ နယ်ဘက်ရှိ ဆေးဆိုင်တွေမှာ ဆေးဝါးတွေပြတ်လပ်နေတာဖြစ်တယ်လို့ Dr.Joshua က ဆိုပါတယ်။
"ဆေးဆိုင်တွေဘက်က အကြောင်းပြချက်ကတော့ သူတို့ကိုယ်တိုင် ဝယ်ဖို့ခက်ခဲနေတယ်လို့ပြောတယ်။ လမ်း ခရီးခက်ခဲတာမို့ သယ်ပို့လမ်းကြောင်း ကြာနေတာမျိုးလည်းရှိပါတယ်" လို့ သူက ဆိုပါတယ်။

တော်လှန်ရေးနယ်မြေတခုမှာ ဖွင့်လှစ်ထားပြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒဏ်ရာရ PDF ရဲဘော်တွေကို ဆေးကုသမှုဆောင်ရွက်ပေးနေတဲ့ People's Healthcare Network( Kalay)ရဲ့ ဆေးရုံမှာလည်း လိုအပ်တဲ့ ဆေးမရှိတာကြောင့် ရှိတဲ့ဆေးဝါးနဲ့သာ အစားထိုး ကုသပေးရတာ၊ လက်ကျန်ဆေးဝါးနဲ့ ချွေတာခြိုးခြံပြီး ကုသနေရတာမျိုးတွေ ဖြစ်နေတယ်လို့ Dr.Joshua က ဆိုပါတယ် ။
PHN (Kalay) ဆေးရုံအနေနဲ့ လစဉ် ဆေးရုံတက်လူနာ ၁၅၀ မှ၂၀၀၊ ပြင်ပလူနာ ၂၀၀၀ ဝန်းကျင်၊ နယ်လှည့်ကွင်းဆင်းဆေးကုသမှုလူနာ ၄၀၀ မှ ၅၀၀ ဝန်းကျင်တို့ကို ဆေးကုသမှုပေးလျှက်ရှိနေတယ်လို့ ဆေးရုံမှတ်တမ်းအရ သိရပါတယ်။

ဒီလိုဆေးကုသမှုခံယူနေရသူတွေကတော့ လက်နက်ကြီးနဲ့ ဗုံးကြောင့် ထိခိုက်ဒဏ်ရာရလူနာတွေ၊ နာတာရှည် ရောဂါ၊ ဆီးချို၊ သွေးတိုး၊ လေဖြတ်လူနာတွေ၊ ကိုယ်ဝန်ဆောင်နဲ့ မွေးလူနာတွေဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ တနှစ်တာအတွင်းမှာ People's Healthcare Network (Kalay) အနေနဲ့ ကိုယ်ဝန်ဆောင်မိခင် ၂၃၅ ဦးကို အောင်မြင်စွာ ကလေးမွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပုံ - ဒေသခံပြည်သူများကို PHN(Kalay)က ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်နေစဉ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ကလေးမြို့ #ဆေးဆိုင် #ဆေးဝါးပြတ်လပ် #ဆရာဝန်
Share Share Share