ကလေးမြို့မှာ ဘူးသပိတ်ပြုလုပ်

ကလေးမြို့မှာ ဘူးသပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကျေးရွာတရွာမှာ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လူထုသပိတ်ဆင်နွှဲခဲ့တယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီဆီက သိရပါတယ်။ 

ဩဂုတ် ၂၁ ရက်ဒီနေ့မှာ လူထုသပိတ်တိုက်ပွဲကို "ဘူးသပိတ်ဆင်နွဲ ဖက်ဆစ်ဖြိုလှဲ"ခေါင်းစဉ်နဲ့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ပြီး စစ်တပ်ထုတ်ကုန်မှန်သမျှ မသုံးစွဲရေးနဲ့ ဘူးသပိတ်လူထုတိုက်ပွဲအရှိန်မြှင့်တင်ရေး လူထုအသိပညာပေးဟောပြောမှုတွေကို လုပ်ဆောင်ခဲ့ကြပြီး ပြည်သူတွေလည်း ပူပေါင်းပါဝင်ခဲ့ကြပါတယ်။ 

လူထုသပိတ်လှုပ်ရှားမှုနဲ့အတူ အဆိုပါကျေးရွာရှိ ကျောင်းသားတွေက ရွေးကောက်တင်မြှောက်ခဲ့သော ရွေးကောက်ခံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ 

#ကလေးမြို့ #လူထုသပိတ် #ဘူးသပိတ် #ဖက်ဆစ် #စစ်တပ်ထုတ်ကုန် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10