ကလေးမြို့မှာ မိုင်းဆင်ရင်း ပေါက်ကွဲမှုဖြစ်လို့ ရဲဘော် ၁ ဦး သေဆုံး

ကလေးမြို့မှာ မိုင်းဆင်ရင်း ပေါက်ကွဲမှုဖြစ်လို့ ရဲဘော် ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီဂိတ်တခုကို မိုင်းခွဲဖို့ ပြင်ဆင်နေရင်း ပေါက်ကွဲမှုဖြစ်ပြီး ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။

ဇူလိုင်လ ၂၄ ရက် ဒီကနေ့မနက်အစောပိုင်းက စစ်ကောင်စီအထိုင်ချထားတဲ့ ဂိတ်အနီးကိုချဉ်းကပ်ကာ ဖောက်ခွဲဖို့လုပ်စဉ် ရှော့ဖြစ်ပြီး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ဇင်းကလင်းဂိတ်နား မိုင်းထောင်တာ မိုင်းကရှော့ဖြစ်ပြီး ထကွဲတာ၊ မိုးတွင်း စိုစွတ်ရာသီဆိုတော့ ထောင်တဲ့အချိန် ရှော့ဝင်တာပေါ့။”လို့ ကလေးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းပေါက်ကွဲလို့ Kalay Mine Team က ကိုမုန်တိုင်း အသက် ၂၂ နှစ် သေဆုံးခဲ့ပြီး ဒီကနေ့ နေ့လယ်မှာပဲ သင်္ဂြိုလ်တဲ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ကလေးမြို့မှာ စစ်ကောင်စီဘက်က အရပ်သားတွေရှိတဲ့ ရပ်ကွက်ထဲကို နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပြီး ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း မကြာခဏဆိုသလို ပစ်ခတ်ဖောက်ခွဲတာတွေ လုပ်လေ့ရှိတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကလည်း စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး စီးစံကျေးရွာက အသက် ၂၅ နှစ်အရွယ် လင်မယား ၂ ဦးသေဆုံးခဲ့ပြီး ၃ နှစ်အရွယ်ကလေး ၁ ဦးသာ ဒဏ်ရာအနည်းငယ်ရပြီး ကျန်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးခဲ့သည့် ရဲဘော်အား မီးသင်္ဂြိုလ်နေကြစဉ်

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့ #စစ်ကောင်စီ #မိုင်းခွဲ #ပေါက်ကွဲမှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10