ကလေးမြို့မှာ ရပ်ကွက် ၁၀ ခုကျော် ရေကြီးနစ်မြုပ်နေ( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ မိုးကြီးကာ တောင်ကျချောင်းရေလျှံရာကနေ ရေကြီးမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

စက်တင်ဘာ ၈ ရက် ဒီကနေ့ မနက် ၃ နာရီဝန်းကျင်လောက်ကတည်းက ရေစတက်လာတာဖြစ်ပြီး မြို့တွင်းရေမြောင်းတွေ အမှိုက်ပိတ်ဆို့တာ၊ ‌မိုးများတာတွေကြောင့် ရေက ဆက်တိုက်တက်နေကာ တောင်ဇလပ်၊ တောင်ဖီလာနဲ့ အောင်မင်္ဂလာ ရပ်ကွက် ၃ ခုကတော့ ရေနစ်မြုပ်မှု အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

“၂၀‌၁၅ တုန်းက ရေကြီးတာတောင် ရေမရောက်တဲ့နေရာတွေ ခုရေကြီးတယ်၊ မိုးကလည်းမပြတ်ဘူး၊ မြစ်ရေကအရမ်းမတက်သေးလို့ ချင်းတွင်းမြစ်ရေသာ ထောက်ရင် သေချာပေါက် ကလေးမြို့ရေမြုပ်ပြီ။”လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

အခုလက်ရှိ အောင်သစ္စာ၊ အောင်မင်္ဂလာ၊ မြို့လှ၊ ဘဲအင်း၊ တာဟန်း၊ တောင်ဇလပ်၊ တောင်ဖီလာ၊ ချမ်းမြေ့အောင်စည်၊ အင်တိုင်းကုန်း၊ လက်ပန်ချောင်း စတဲ့ ရပ်ကွက်ကျေးရွာတွေ ရေနစ်မြုပ်နေပြီး ရေက ဆက်တိုက်တက်လာနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နေပြီလို့ သိရပါတယ်။

လက်ရှိမှာ ကလေးမြို့ပေါ်က ရပ်ကွက် ၁၀ ခုလောက် ရေနစ်မြုပ်နေပြီး ရေဆက်တိုက်တက်လာနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နေကြပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ရေကြီးရေလျှံသတင်း #စစ်ကိုင်းသတင်း #ကလေးမြို့ #မိုးရွာ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10