သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့တနေရာမှာ စစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချနေတာ ရပ်တန့်ဖို့ လူထုလှုပ်ရှားမှု တခု ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တွေဆီက သိရပါတယ်။
“ဖက်ဆစ်တပ်ကို လေယာဥ်ဆီ ရောင်းပေးနေတာ ချက်ချင်းရပ်” ဘန်နာကိုင်စွဲပြီး ဆန္ဒပြခဲ့ကြသလို လေကြောင်းနဲ့ ဗုံးကြဲခံခဲ့ရတဲ့ မင်းတပ်ဒေသနဲ့အတူ ရပ်တည်ကြောင်း လှုပ်ရှားမှုလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ ဦးဆောင်မှုနဲ့အတူ ကျေးရွာပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #ကလေးမြို့ #လေယာဉ်ဆီ #ဆန္ဒပြ #သပိတ်
Share Share Share