ကလေးမြို့မှာ CDM ကျောင်းဆရာမ တဦးကို စစ်ကောင်စီဖမ်းဆီး

ကလေးမြို့မှာ CDM ကျောင်းဆရာမ တဦးကို စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မတ်လ ၂၅ ရက်မနေ့က CDM လှုပ်ရှားမှုပါဝင်တဲအလယ်တန်းပြ ကျောင်းဆရာမတဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အောင်သစ္စာရပ်ကွက် အမှတ် ၂  အလယ်တန်းကျောင်းခွဲ မှာ တာ ဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်အေးမွန်ဖြစ်ပြီး၊ မနေ့က ညနေ ၅ နာရီလောက်မှာ အဲ့ဒီကျောင်းအနီးက သူနေတဲ့နေရာမှာပဲ အဖမ်းခံလိုက်ရတာလို့ ဒေသခံတဦးက ပြောပါတယ်။ 

"မနေ့ကညနေ ၅ နာရီလောက်က ဖမ်းသွားတာ၊ သတင်းပေး အတိအကျရှိလို့ ဖြစ်မယ်၊ အင်အားက ကား ၄ စီးနဲ့လာတာ၊ အမျိုးသမီးတွေရောပါတယ်" လို့ သူကပြောပါတယ်။ 

ဆရာမ ဒေါ်အေးမွန်ဟာ အခြားဒေသကနေ တာဝန်အရ အောင်သစ္စာရပ်ကွက်အမှတ် ၂  အလယ်တန်းကျောင်းခွဲအနီးက အဆောင်မှာ အာဏာမသိမ်းခင်ကတည်းက နေထိုင်နေတာလို့ သိရပြီး၊ သူ့ကို စစ်ကောင်စီက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် - ဒကစ ( ကလေး) ကို ဖမ်းဆီး ခေါ်ဆောင်သွား တယ်လို့လည်း ဒေသခံတဦးက ဆက်ပြောပါတယ်။ 
 
ဒီဖြစ်စဥ်နဲ့ ပက်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး လက်ရှိအချိန်ထိ ကလေးမြို့အတွင်းက စစ်ကောင်စီရဲ့ဖမ်းဆီးခံထားရသူ ၄၀၀ ကျော်ရှိတယ်လို့လည်း ကလေးမြို့ပင်မသပိတ်အင်အားစု တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10