ကလေးမြို့သပိတ်အဖွဲ့ဝင် ၄ ဦးပါ ဒေသခံ ၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

ကလေးမြို့သပိတ်အဖွဲ့ဝင် ၄ ဦးပါ ဒေသခံ ၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ အတာသပိတ်ပြုလုပ်နေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ သပိတ်အဖွဲ့ဝင် ၄ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ကလေးပင်မသပိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုသန်းစိုးဦး၊ ကိုမျိုးကိုဝင်း၊ မနှင်းစံနဲ့ မကျိန်ဒိတ်ကိမ်တို့ကို မေလ ၉ ရက်နေ့က ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အရ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။


“သူတို့အခြေနေကတော့ သေချာမသိရသေးဘူး၊ အမိန့်ချပြီဆိုတော့ ထောင်ပို့မယ်ထင်တယ်၊ သူတို့အပါအဝင် တရက်တည်း ၁၀ ဦးကျော် အမိန့်ချခံရတယ်” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

အဲဒီ သပိတ်အဖွဲ့ဝင် ၄ ဦးဟာ ဧပြီလ ၁၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့မှာ မကျိန်ဒိတ်ကိမ်နဲ့ မနှင်းစံတို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီက မြေထိုးစက်နဲ့ ဖြိုချထားတာလည်း ဖြစ်ပါတယ်။

မေလ ၉ ရက်နေ့က ကလေးဒေသခံပြည်သူ ၁၀ ဦးကို စစ်ကောင်စီတရားရုံးကနေ ထောင်ဒဏ်တွေချမှတ်ခဲ့ပြီး ကိုကျော်ဆန်းလွင်နဲ့ ကိုချမ်းကိုအောင်ကို ပုဒ်မ ၅၂(က)နဲ့ ထောင် ၅ နှစ်၊ ကိုမင်းသူ၊ ကိုချစ်စန်းမောင်၊ ကိုသန်းစိုးဦး၊ မကျိန်ဒိတ်ကိမ်၊ မနှင်းစံ၊ ကိုမျိုးကိုဝင်း၊ ကိုနိုင်မင်းထက်၊ ကိုနေထက်လင်းတို့ကို ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်ဆီ ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း သာစည်ကျေးရွာမှာရှိတဲ့ ပြည်သူ ၄ ဦးကို ကာကွယ်ရေးရဲဘော်တွေနဲ့ ဆက်နွယ်နေတယ်ဆိုပြီး လာရောက်ဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။

ပုံစာ- စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ကလေးမြို့သပိတ်အဖွဲ့ဝင် ၄ ဦး။

စာတည်း-007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10