သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့အဝင်အထွက်လမ်းဖြစ်တဲ့ လေးအိမ်စုကျေးရွာအနီးက မြို့လှ- လေးအိမ်စုလမ်းပိုင်းကို စစ်ကောင်စီက ဇန်နဝါရီ ၆ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က မြေတူးစက်နဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့တွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)က စစ်ကားတစီးနဲ့ မြေတူးစက်တစီးလာရောက်ကာ ကျောက်ခွဲစက်အနီးကလမ်းကို တူးဖော်ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။
စစ်ကောင်စီက ကလေးမြို့နယ်တောင်ပိုင်းလမ်းဖြစ်တဲ့ ကလေး-ဂန့်ဂေါလမ်းမကြီးကို ပိတ်ထားတဲ့အတွက် ကလေးတောင်ပိုင်းကဒေသခံတွေအနေနဲ့ လေးအိမ်စု-မြို့လှပတ်လမ်းကိုသာ အဓိက အသုံးပြုနေကြရတာပါ။
လက်ရှိမှာ ကလေးမြို့အဝင် လေးအိမ်စု-မြို့လှလမ်းပိုင်းကို စစ်ကောင်စီကဖျက်ဆီးလိုက်တဲ့အတွက် ဒေသခံတွေအနေနဲ့ အဲ့ဒီလမ်းပိုင်းကို ဖြတ်သန်းသွားလို့မရတော့ဘူးလို့ ကလေးဒေသခံတဦးက ပြောပါတယ်။
လတ်တလောမှာတော့ ဒေသခံတွေက တခြားလမ်းပိုင်းဖြစ်တဲ့ စက်မှုဇုန်-ကျောက်ဂူလမ်းပိုင်းကိုအသုံးပြုနေကြရပြီး အဲ့ဒီလမ်းဟာ ကြမ်းတမ်းပြီး ပိုဝေးတာကြောင့် ကုန်စည်သယ်ယူစရိတ်များပြားပြီး မြို့နယ်တောင်ပိုင်းမှာ ကုန်ဈေးနှုန်းတွေထပ်မံကြီးမြင့်လာနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၂၃ ရက်ကလည်း စစ်ကောင်စီက ကလေးမြို့မြောက်ပိုင်း အိတ်စွတ်ကျေးရွာနဲ့ သင်္ဘောပင်ကွင်းရွာကြားက တံတားတစင်းကို ဖျက်ဆီးခဲ့ပါသေးတယ်။
ပုံစာ - ၂၀၂၄ ဇန်နဝါရီလပိုင်းမှာ စစ်ကောင်စီတပ်က ဖျက်ဆီးထားသော ကလေးမြောက်ပိုင်း အိတ်စွတ်နဲ့ သင်္ဘောပင်ကွင်းရွာကြားမှ တံတား။ ဓာတ်ပုံ - Salai Van Thaung Bike
သတင်း - ကိုစည်သူ၊ စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#ကလေး #စစ်ကောင်စီ #လမ်းဖျက်ဆီး #ဒကစ #သတင်း #ကလေးသတင်း
Share Share Share