သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး စစ်ကောင်စီလက်အောက်ခံ နှောညောင်ပင်ရွာက အုပ်ချုပ်ရေးမှူးသားအဖ ၂ ဦးကို ကလေးဒေသကာကွယ်ရေးတပ်ဘက်က ဖမ်းဆီးသွားတယ်လို့ နှောညောင်ပင်ရွာနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ မနက်အစောပိုင်းမှာ တောထဲကို နွားကျောင်းသွားတဲ့ နှောညောင်ပင်ရွာဥက္ကဌ အသက် ၅၀ အရွယ် ဦးမောင်ရီနဲ့ အသက် ၂၀ ဝန်းကျင်အရွယ် သားဖြစ်သူတို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
"မနက်အစော နွားလှန်သွားရင်း အဖမ်းခံရတာ။ စစ်သား(စစ်ကောင်စီတပ်သား)တွေ ရောက်နေတယ်။ တောင်အူ ပျူတွေလည်း ရောက်နေတယ်။ မနက်အစော ၉ နာရီလောက်က ရောက်တာပါ။" လို့ နှောညောင်ပင်ရွာနဲ့ နီးစပ်သူတဦးက ပြောပါ တယ်။
အုပ်ချုပ်ရေးမှူးသားအဖ ဖမ်းဆီးထားကြောင်းကို ကလေးမြို့နယ် တော်လှန်ရေးအင်အားစုတွေဘက်က အတည်ပြုထားပေမယ့် နောက်ဆက်တွဲအခြေအနေကိုတော့ ဖြေကြားခြင်းမရှိသေးပါဘူး။
နှောင်ညောင်ရွာအုပ်ချုပ်ရေးမှူးသားအဖ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက ရွာဝင်ရွာထွက်စစ်ဆေးရေးဂိတ်ကို ခေတ္တပိတ်ထားခဲ့ပြီး ကလေးမြို့ ပေါ်က စစ်ကောင်စီတပ်သားတွေ ရွာထဲကို ရောက်ရှိလာကာ မြို့နယ်တောင်ပိုင်းက ရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၅ ရက် တန်ဆောင်မုန်းလပြည့် ည ၈ နာရီဝန်းကျင်ကလည်း အောင်သစ္စာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးဟာ ရပ်ကွက်အတွင်းက အရက်ဆိုင်မှာ ဓားထိုးသတ်ခံခဲ့ရပါသေးတယ်။
သတင်း - သက်ဝေ၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ကလေးမြို့ #စစ်ကောင်စီ #နှောညောင်ပင်ရွာ #အုပ်ချုပ်ရေးမှူး
Share Share Share