ကလေးမြောက်ပိုင်းတိုက်ပွဲမှာ ကာကွယ်ရေးရဲဘော် ၂  ဦး ကျဆုံး

ကလေးမြောက်ပိုင်းတိုက်ပွဲမှာ ကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ဆည်ကြီးနဲ့ သဲကုန်းတန်းရွာမှာ စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ၂၂ရက် မနေ့က မနက်အစော ၃ နာရီဝန်းကျင်ကနေ နေ့လယ်ပိုင်းအထိ ၂ ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း Chinland Defense Force - Kalay Kabaw Gangaw-KKG တပ်ရင်း ၄ က ရဲဘော် ၁ ဦး နဲ့ SR 6 က ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ ဆည်ကြီးမှာကျတာ။ သဲကုန်းတန်းမှာက သူ့ဘက်၊ကိုယ့်ဘက် ထိခိုက်ရှိတယ်၊ ကျဆုံးမရှိဘူး။ လက်နက်ကြီးတွေ မနက်အစောကြီးကစ ဆက်တိုက်ထုတာ၊ ဒရုန်းရော၊ အဲ့တာတွေမှာ ထိကြတာ။ စစ်ကောင်စီဘက်ကလည်း ** ၂ ကောင်နဲ့ **ဗိုလ် ၁ ကောင်ထိတယ်” လို့ ဒေသတပ်ဖွဲ့တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကလည်း ၂ ဦးသေဆုံးကာ ၁၀ ဦးခန့်ထိခိုက်ပြီး ၅ ဦး ဝန်းကျင်က ဒဏ်ရာပြင်းထန်တယ်လို့ ကနဦးသိရပြီး အသေးစိတ်ကတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး မေလ ၂၉ ရက်ကလည်း မြို့ပေါ် မစ်ရှင်တခုပြုလုပ်ရင်း စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း အထူးလှုပ်ရှားတပ်ရင်း ၅ - SR 5 က ဒုတပ်ရင်းမှူး ကိုဒီမို ကျဆုံးခဲ့ပါသေးတယ်။

ပုံစာ - ကလေးမြောက်ပိုင်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် SR 6 တပ်ဖွဲ့ဝင်ရဲဘော်။

စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

#ကလေးတိုက်ပွဲ #ကာကွယ်ရေးရဲဘော် #ကျဆုံးမှု #စစ်ကောင်စီတပ် #ထိခိုက်မှု #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10