ကလေးမြောက်ပိုင်းမှာ လက်နက်ကြီးထိမှန်လို့ ပြည်သူ ၂ ဦးသေဆုံး

ကလေးမြောက်ပိုင်းမှာ လက်နက်ကြီးထိမှန်လို့ ပြည်သူ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ လက်ပံချောင်းကျေးရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၁၄ ရက် မနေ့ည ၉ နာရီခွဲဝန်းကျင်မှာ စခန်းကြီးဘက်ကနေပစ်တဲ့ လက်နက်ကြီး ၂ လုံးက လက်ပံ ချောင်းကျေးရွာ၊ ရပ်ကွက် B နဲ့ ရပ်ကွက် D ကို ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံး ဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။ 

လက်ပံချောင်းရွာ၊ ရပ်ကွက် B က အသက် ၆၂ နှစ်အရွယ် ဒေါ်လာလ်ဇွာလ်အီနဲ့ ရပ်ကွက် D က အသက် ၄၁ နှစ်အရွယ် ဦးရမ်ဒိတ်အာတို့ သေဆုံးခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် လက်နက်ကြီးကျရာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ တခြားပြည်သူ ၆ ဦးလည်း ခြေထောက်၊ ပေါင်၊ ဝမ်းဗိုက်၊ နောက်ကျောစတဲ့နေရာတွေမှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေကာ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ဒီကနေ့ချိန်ထိ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ပြည်သူ ၂၀ ကျော် သေဆုံးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၀ရက်ကလည်း ကလေးမြောက်ပိုင်း၊ ကံသာယာရွာနားမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားအလောင်း ၃ လောင်း၊ သေနတ် ၂၄ လက်၊ ကျည်ဘောက် ၂၄ ခု၊ ကျည် ၁၂၀၀၊ ရှေ့ထွက်မိုင်း ၂ လုံးတို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့နယ် #လက်ပံချောင်း #စစ်ကောင်စီ #လက်နက်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10