ကလေးမှာ မိုင်းခွဲခံရလို့ စစ်သား ၁ ဦးသေ ၂ ဦးဒဏ်ရာရဟုဆို

ကလေးမှာ မိုင်းခွဲခံရလို့ စစ်သား ၁ ဦးသေ ၂ ဦးဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်ဖီလာရပ်ကွက်၊ အ.ထ.က ၂ စာသင်ကျောင်းနားမှာ စစ်ကောင်စီတပ်သားတချို့ မိုင်းခွဲခံရပြီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။

ဩဂုတ်လ ၃ ရက် မနေ့ကမနက် ၈ နာရီဝန်းကျင်က စာသင်ကျောင်းရှေ့ကို စစ်ဆေးဖို့ထွက်လာချိန် မိုင်းခွဲခံရတာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူတချို့ ကျည်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းခွဲခံရတော့ အနီးကပ်ထပ်လာပစ်မှာ ကြောက်တာနေမယ်၊ အနားက အမှိုက်ကားပေါ် ဆွဲတင်ပြီး မောင်းပြေးသွားကြတယ်၊ ခေါင်းတောင်မဖော်ဘူး၊ လာတုန်းက စစ်ကားနဲ့ပြန်တော့ အမှိုက်ကားနဲ့၊ ‌စစ်**တကောင် ပွဲချင်းပြီးသေလို့ သူတို့ဘက်က ရမ်းပစ်တာ ပြည်သူနှစ်ဦးထိတယ်။”  လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

မိုင်းခွဲခံရလို့ စစ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ပြီး သေဆုံးအလောင်းနဲ့ ဒဏ်ရာရတွေကိုတော့ ကလေးမြို့ပေါ်က ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်သွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ချိန် ပြည်သူတဦး ပေါင်ကိုကျည်ထိမှန်ခဲ့ပြီး တဦးကတော့ မျက်နှာတဝိုက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်ကလည်း ကလေးမြို့၊ ဆည်မြောင်းရုံးဘေးမှာ စစ်ကောင်စီထောင်ထားတဲ့ ခြေနင်းမိုင်းနင်းမိပြီး အသက် ၃၁ နှစ်အရွယ် ဗူးခွံကောက်တဲ့ အမျိုးသား ၁ ဦး ခြေတဖက်ပြတ်ခဲ့ ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ကလေး #စစ်ကောင်စီ #မိုင်းခွဲတိုက်ခိုက်ခံရ #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10