ကလေးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးထိမှန်လို့ CNDF ရဲဘော် ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

ကလေးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးထိမှန်လို့ CNDF ရဲဘော် ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့တောင်ပိုင်း၊ သာစည်ကျေးရွာအနီးမှာ ဇွန်လ ၂၅ ရက် မနေ့မနက် ၇ နာရီခွဲဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးထိမှန်လို့ CNDF ရဲဘော်တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။

အဖွဲ့စက်ရွာစစ်ဆေးရေးဂိတ်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့  ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး ကလေးမြို့ပေါ်စစ်ကောင်စီတပ်တွေက ယမန်နေ့ နေ့လည် ၁၂ နာရီကနေ ည ၁၀ နာရီအထိ ၁၂၀ မမ အပါအဝင် လက်နက်ကြီး ၂၁ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲကတော့ သာစည်မှာဖြစ်တာ၊ လက်နက်ကြီးကတော့ သူတို့ထင်တဲ့နေရာတွေ ပစ်တာပေါ့။ သာစည်ကိုအများဆုံးပဲ၊ တိုက်ပွဲနေရာတွေပစ်တာ။ မနေ့က ကြမ်းတယ် သူပစ်၊ကိုယ်ပစ်ပဲ”လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ ၁၂၀ မမ  လက်နက်ကြီးကျည်တလုံး  ရဲဘော်တွေအနီးကို ကျရောက်ပေါက်ကွဲခဲ့လို့  Vakok-CNDFက ရဲဘော် သားလေး ဦးခေါင်းလက်နက်ကြီးအစထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ သာစည်ရွာတိုက်ပွဲမှာပဲ လက်လုပ် ၄၀ မမ ပစ်ခတ်ရင်း ပြောင်းပေါက်ကွဲမှုဖြစ်လို့ ပကဖရဲဘော်တဦး လက်ချောင်းပြတ်ထွက် ဒဏ်ရာရခဲ့ကာ ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း တိုက်ပွဲတွင်း ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး ဖောကား ၂ စီး၊ နာရေးကား ၁ စီးနဲ့ ကလေးမြို့၊ အမှတ် ၁၀ စစ်ဆေးရုံ(ကုတင် ၁၀၀)ကို မောင်းနှင်ပို့ဆောင်ခဲ့ရကာ ထိခိုက်သေဆုံးမှု စာရင်းအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ‌ဆိုပါတယ်။

အဆိုပါ သာစည်ရွာ တိုက်ပွဲကို ကလေး ပကဖ ၊ UGF၊ မိုင်းအဖွဲ့၊ ကလေးPDF တပ်ရင်း ၂၊ တပ်ရင်း ၄၊ တပ်ရင်း ၅၊ တပ်ရင်း ၆ ၊ KKG RKDF ၊ CNDF စတဲ့အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ကလေးတောင်ပိုင်းရွာတွေကို ဧပြီလအစပိုင်းကစလို့ လက်နက်ကြီးတွေနဲ့မကြာခဏဆိုသလို ပစ်ခတ်နေတာဖြစ်ပြီး ဇွန်လ ၁၆ရက်ကနေ ယနေ့အထိ ၁၀ ရက်ကျော်ကာလအတွင်း လက် နက်ကြီးစထိမှန်လို့  ၅ နှစ်အရွယ် ကလေးတဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးထားတာလည်း ဖြစ်ပါတယ်။

 

ပုံစာ - လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည့် ရဲဘော် သားလေး။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီတပ် #PDF #လက်နက်ကြီး #ပစ်ခတ်မှု #သေဆုံးမှု #ဒဏ်ရာရ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10