ကလေးမှာ မိုင်းကွဲလို့ အမျိုးသားတဦး ထိမှန်သေဆုံး

ကလေးမှာ မိုင်းကွဲလို့ အမျိုးသားတဦး ထိမှန်သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်က ကော်ဖီဆိုင်တခုအနီးမှာ မိုင်းပေါက်ကွဲတာကြောင့် ပြည်သူတဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

သေဆုံးသူမှာ အသက် ၃၉ နှစ်အရွယ် လွန်လန်ထန်း ဆိုသူဖြစ်ပြီး ဩဂုတ် ၁၄ ရက် ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ အမှိုက်သိမ်းနေစဉ် မိုင်းပေါက်ကွဲရာက မိုင်းစထိမှန် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

“မနက်အစောကြီး မိုင်းကွဲတာ၊ ထိတဲ့သူက ကလေး ၃ ယောက်အဖေ၊ လက်ဖက်ရည်ဆိုင် သန့်ရှင်းရေး ဝန်ထမ်းလို့လည်း သိရတယ်။ လူက ခါးပြတ်ပြီး ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်သွားတာ။”လို့ ကလေး‌ဒေသခံတဦးက ပြောပါတယ်။

ကာကွယ်ရေးရဲဘော်တွေဘက်ကတော့ အခုပေါက်ကွဲတဲ့ မိုင်းအမျိုးအစားဟာ ရဲဘော်တွေ သုံးလေ့ရှိတဲ့ မိုင်းမျိုးမဟုတ်ဘဲ မြို့ပေါ်မှာလည်း မိုင်းထောင်ခွင့်မရှိတဲ့အတွက် စစ်ကောင်စီဘက်က ထောင်ထားတဲ့မိုင်း ဖြစ်နိုင်တယ်လို့ ‌ဆိုပါတယ်။

“ကိုယ့် (PDF) ဘက် မိုင်းတွေက ခုလို ခါးအောက်ပိုင်းပြတ်ထွက်ပြီး သေဆုံးမှုပုံစံ မဖြစ်ဘူး။ လက်လုပ်မိုင်းသဘောက ဘေးပတ်ဝန်းကျင် အနီးတဝိုက် လွင့်စင်ရမယ်၊ အခုမိုင်းက ဘာအစအနမှ မကျန်ဘူး၊ ခြေနင်းမိုင်း‌ကပဲ အခုလိုပုံစံ သေဆုံးမှုကိုဖြစ်စေတာ၊ ခြေနင်းမိုင်းက စစ်တပ်မှာပဲ ရှိတာလေ။"လို့ ဒေသခံ ရဲဘော်တဦးက ပြောပါတယ်။ 

ကလေးမြို့ပေါ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သားပြည်သူသေဆုံးမှု်တွေ မကြာခဏဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၉ရက်ကလည်း ဆည်မြောင်းရုံးနားမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး ဗူးခွံကောက်တဲ့ ပြည်သူတဦး ခြေထောက်တဖက် ဒူးအောက်ကနေပြတ်ကာ ဒဏ်ရာပြင်းထန်ရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #မိုင်းကွဲ #အမျိုးသားတဦး #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10