ကသာမြို့နယ်မှာ စစ်သင်္ဘောပေါ်က လက်နက်ကြီးနဲ့ပစ်လို့ မိန်းကလေးငယ် ၁ ဦး သေဆုံး

ကသာမြို့နယ်မှာ စစ်သင်္ဘောပေါ်က လက်နက်ကြီးနဲ့ပစ်လို့ မိန်းကလေးငယ် ၁ ဦး သေဆုံး

မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ကသာမြို့ဘက်ကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီ စစ်သင်္ဘောပေါ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၃ ရက် မနေ့ နေ့လယ် ၁၁ နာရီလောက်မှာ ကသာမြို့နယ်ထဲကိုရောက်လာတဲ့ စစ်သင်္ဘောတွေက တရစပ်ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဧရာဝတီမြစ်ကမ်းဘေး ဦးစောကျွန်းကျေးရွာက အသက် ၁၀ နှစ်အရွယ် မဝါဆိုမိုးဦးကို လက်နက်ကြီးအစ ထိမှန်ပြီးသေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

"ဝင်လာကတည်းက လက်နက်ကြီးနဲ့၊ စက်သေနတ်နဲ့ပစ်နေတော့ လုံခြုံရာလေး ရှောင်ပုန်းနေကြတာပေါ့။ ဝေးဝေးတော့ မပြေးကြဘူး။ လက်နက်ကြီးတလုံးက ပုန်းနေတဲ့နေရာနားကိုကျပြီး အပိုင်းအစမှန်တာလို့သိရတယ်" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

မဝါဆိုမိုးဦးဟာ မိဘတွေနဲ့အတူ တိမ်းရှောင်နေရင်း က အခုလို လက်နက်ကြီးကျည်စထိမှန်ခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်၂၆ ရက်က စစ်သင်္ဘောတွေဟာ မန္တလေးမြို့ကနေ ဆန်တက်သွားပြီးနောက် မတ္တရာမြို့နယ်မှာလည်း စက်သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာက အမျိုးသမီး ၁ ဦးနဲ့ ၄ နှစ်သားအရွယ်ကလေး ၁ ဦး လက်နက်ငယ် ထိမှန်ဒဏ်ရာ ရခဲ့ပါသေးတယ်။

ဒီနေ့ ဩဂုတ် ၄ ရက် နံနက် ၇ နာရီကျော်က ရထားတဲ့သတင်းအရ စစ်သင်္ဘောတွေဟာ ကသာမြို့နယ်၊ သဖန်းကိုင်းကျေးရွာကနေ  အထက်ကိုဆန်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ - ဩဂုတ်လ ၃ ရက်နေ့တွင် ထီးချိုင့်နယ်ကနေ အထက်ကိုဆန်တက်နေကြသည့် စစ်သင်္ဘောများ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မန္တလေး #ကသာ #စစ်သင်္ဘော #လက်နက်ကြီး #ပစ်ခတ်မှု #ကလေးသူငယ် #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10