ကသာမြို့မရဲစခန်း ဒရုန်းဗုံးချခံရလို့ နယ်ထိန်းခေါင်းဆောင်အပါအဝင် ရဲ ၃ ဦးဒဏ်ရာရ

ကသာမြို့မရဲစခန်း ဒရုန်းဗုံးချခံရလို့ နယ်ထိန်းခေါင်းဆောင်အပါအဝင် ရဲ ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကသာမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ မြို့မရဲစခန်း နိုဝင်ဘာ ၂ ရက် မနေ့မနက် ၆ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲခံရတာကြောင့် နယ်ထိန်းခေါင်းဆောင်အပါအဝင် ရဲ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒရုန်းဗုံးကြဲချမှုကြောင့် ရဲစခန်းဝန်းအတွင်း အမျိုးသမီးအဆောင်ရှေ့ အချုပ်ကားအနီးနဲ့ စခန်းအဆောက်အဦတွေဆီ ဗုံးသီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့လို့  နယ်ထိန်းခေါင်းဆောင် ဇော်မင်းသန်း၊ စခန်းမှူးရဲ့လက်ထောက်ရဲ ကိုဖြိုး၊ စာပို့ရဲ ဇော်သက် တို့မှာ ဒဏ်ရာရရှိသွားတာလို့ ဆိုပါတယ်။

"၃ယောက်စလုံး ခြေထောက်ပဲဒဏ်ရာရတာ။ အဲ့ဒီထဲက ၁ ယောက်က ခြေသလုံး အရေစုတ်သွားတယ်တဲ့။ ဘယ်သူလဲတော့ တိကျမသိရဘူး" လို့ ကသာမြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူ ၃ ဦးစလုံးဟာ ကသာမြို့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြရတယ်လို့ သူမက ပြောပါတယ်။

အဆိုပါရဲစခန်းထဲကို PDF ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ချိန်အတွင်းမှာလည်း ရဲစခန်းထဲကလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခဲ့တယ်လို့ မြို့ခံတွေကပြောဆိုချက်အရသိရပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ထုတ်ပြန်လာတာမျိုး မတွေ့ရသေးပါဘူး။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာလည်း ကသာမြို့မရဲစခန်းဗုံးချတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် တွေထိခိုက်မှုရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်၂၃ရက် မနက်ပိုင်းမှာလည်း ကသာမြို့မရဲစခန်းကို PDFတွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ရဲမိသားစုဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကသာ #မြို့မရဲစခန်း #ဒရုန်းဗုံးချခံရ #ရဲတပ်ဖွဲ့ဝင် #ထိခိုက်မှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10