ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သပိတ်ကော်မတီပေါင်းပြီး ကားလမ်းမကြီးပေါ် ချီတက်သပိတ်မှောက်

ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သပိတ်ကော်မတီပေါင်းပြီး ကားလမ်းမကြီးပေါ် ချီတက်သပိတ်မှောက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မုံရွာ-မန္တလေး ကားလမ်းမကြီးပေါ်ကို ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ယမန်နေ့ ဇွန်လ ၂၁ ရက် ‌ညနေ ၅ နာရီက ပြုလုပ်ခဲ့တာဖြစ်ပြီး “အညာသားတွေရဲ့ ဇ တော်လှန်ခြင်းနဲ့ သက်သေပြ” ဘန်နာ ကိုင်စွဲကာ ကြွေးကြော်သံတွေအော်ခဲ့ကြတယ် လို့ ဆိုပါတယ်။

“စစ်ကြောင်းအခြေနေကြောင့် လုပ်ဖို့စီစဥ်နေတာတော့ တော်တော်ကြာပြီ။ အဓိက ကတော့ အညာကပြည်သူတွေ အညာသားတွေက ဘယ်တော့မှ နောက်ဆုတ်အရှုံးမပေးဘူးဆိုတာပါပဲ။" လို့ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုသက်နောင်က ပြောပါတယ်။

သပိတ်လှုပ်ရှားနေစဉ် စစ်ခွေးသင်္ချိုင်းစစ်ကိုင်းတိုင်း၊ အရေးတော်ပုံအောင်ရမည် စတဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း သပိတ်မှောက် ကြွေးကြော်သံတွေအပြင် လူထုသပိတ်စကားတွေလည်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အရာတော် #လူထုသပိတ် #မုံရွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10