သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခံရပြီးနောက် ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေရတဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာက စစ်ဘေးရှောင် ၅၀၀ ကျော် အကူအညီတွေလိုအပ်နေကြပါတယ်။
စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ရတာအချိန်ကာလကြာမြင့်နေပြီဖြစ်ပြီး လေကြောင်းကထပ်ပြီးဗုံးကြဲမှာကြောက်လို့ ကျေးရွာထဲကိုပြန်မဝင်ရဲကြသေးတာကြောင့် နီးစပ်ရာတောတွေမှာ တိမ်းရှောင်နေကြရတာပါ။
မတောရွာက စစ်ဘေးရှောင်မခင်ခင်မြင့်က "လေကြောင်းဖြစ်ပြီးကတည်းကစ ရွာသူရွာသားတွေလည်း လန့်နေကြတော့တာ။ စစ်ဘေးရှောင်နေရတာ။ အစားအသောက်ကလည်း သိတဲ့ အတိုင်းပါ့ တောထဲနေရတာဆိုတော့အဆင်မပြေတာပါ့။" လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေမှာ စစ်ရှောင်စခန်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိဘဲ ကိုယ်နဲ့နီးစပ်ရာ တောတောင်တွေထဲမှာ တဲတွေထိုးကာ တိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
မတောရွာမှာ အိမ်ခြေ ၁၃၀ကျော်ရှိပြီး လူဦးရေ ၅၀၀ ကျော်နေထိုင်တယ်လို့ သိရပါတယ်။
"လိုအပ်တာကတော့အခုနေတော့ သူရောကိုယ်ရော ငွေခက်ခဲကြတာပါ့။ ဘယ်လုံ လောက်ပါ့မလဲ။ စားစရာသောက်စရာကတော့ အခုနေတော့ဆန်တို့ပေါ့နော့ အဲ့လိုမျိုးတွေခက်ခဲတယ်။ဆောင်းပိုင်းရောက်တော့စောင်တို့၊ အနွေးထည်တို့အဲ့လိုမျိုးတွေပါ့။" လို့ မတောရွာသူ မမိုးမိုးက ပြောပါတယ်။
ရံဖန်ရံခါ အကူအညီထောက်ပံ့မှုတွေရရှိပေမဲ့ လုံလောက်မှုမရှိတာကြောင့် တောထဲတောင်ထဲက အသီးအရွက်တွေကိုပဲ ချက်ပြုတ်စားသောက်နေရတယ်လို့ သူကဆိုပါတယ်။
အဲ့ဒီစစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကျန်းမာရေးချို့တဲ့သူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
၂၀၂၄ ဇွန် ၃ ရက် မနက် ၈ နာရီခွဲ၀န်းကျင်မှာ မတောကျေးရွာက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးရဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄၀ ကျော် သေဆုံးခဲ့တာပါ။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး( UNOCHA)ရဲ့ ၂၀၂၄ နိုဝင်ဘာ ၂၇ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃.၄ သန်း ရှိနေပါတယ်။
ပုံစာ - စစ်ကိုင်းတိုင်းအတွင်းမှ စစ်ဘေးရှောင်များ (ပုံဟောင်း)။
သတင်း - သက်ဝေ၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကိုင်း #မင်းကင်း #မတောရွာ #စစ်ရှောင် #အကူအညီလိုအပ်
Share Share Share