ကာကွယ်ရေးရဲဘော် ၆ ဦးကို သေစေခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ

ကာကွယ်ရေးရဲဘော် ၆ ဦးကို သေစေခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ

မကွေး၊ ဇန်နဝါရီ ၁၀၊ ၂၀၂၄။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ အိုးကုန်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare ဆီက သိရပါတယ်။

 

ဇန်နဝါရီလ ၈ ရက် ညနေ ၆ နာရီမှာ အသက် ၅၈ နှစ်အရွယ် ဦးဇော်ဝင်းကို သူ့ရဲ့နေအိမ်မှာပဲ ရှင်းလင်းခဲ့တာဖြစ်ပြီး ဦးခေါင်း၊ ကျောဘက်နဲ့ ဝမ်းဗိုက်တွေမှာ ကျည်ထိဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

ညနေဘက်ဝင်တာဆိုတော့ လူအင်အားနဲ့ အေးအေးဆေးဆေးပဲ ဝင်ရှင်းလိုက်တယ်၊ ရွာထဲကိုလည်း သတိထားဖို့၊ စစ်ကောင်စီ ဘယ်လိုဖြစ်နေလဲဆိုတာ အကုန်လုံးနားလည်ဖို့ ပြောဆိုပြီးမှ အေးအေး ဆေးဆေးပဲ ပစ်ခတ်သွားတာ၊ သူ့ဆီမှ လက်နက်ရှိတယ်လို့ သတင်းရပေမယ့် တကယ်တန်းရှာတော့ မတွေ့ခဲ့ဘူး၊ မိန်းမနဲ့သားတယောက်ကိုတော့ မရှင်းခဲ့ဘူး၊ သူ့တယောက်ပဲ ရှင်းလင်းခဲ့တာ” လို့ Magway Guerrilla Warfare အဖွဲ့တာဝန်ခံ ကိုကံကြီးမောင်က ပြောပါတယ်။

 

အခုလို တိုက်ခိုက်ရှင်းလင်းမှုကို Magway Guerrilla WarfareTDG Special Guerrilla ForceYenanthar Youth Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

 

ပစ်ခတ်မှုဖြစ်ပြီး‌နောက် စစ်ကောင်စီဘက်က အလောင်းကိုလာသယ်ပြီး ဆေးစစ်ချက်ယူကာ ဇန်နဝါရီလ ၉ ရက်မနေ့ကမှ အလောင်းကို ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

 

ဦးဇော်ဝင်းဟာ စစ်ကောင်စီတပ်တွေနဲ့ ဆက်သွယ်မှုရှိပြီး PDF တွေရဲ့သတင်းတွေကိုလည်း စစ်ကောင်စီဆီ ပေးပို့တာတွေလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

 

သူက အုပ်ချုပ်ရေးမှူးဖြစ်ဖို့အရေး ကျန်တဲ့သူတွေကို အမျိုးမျိုးချောက်ချပြီး ထလုပ်တာ၊ ထောက်ပို့ တယောက်ကိုလည်း သူပဲဖမ်းခိုင်းတာ၊” လို့ ကိုကံကြီးမောင်က ပြောပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၉ ရက်ကလည်း သူရဲ့သတင်းပေးမှုကြောင့် မြို့သစ်မြို့နယ်၊ ကနီကျေးရွာမှာ ရှိနေတဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ခဲ့ပြီး ရဲဘော် ၆ ဦးသေဆုံးခဲ့ရပါသေးတယ်။

 

 

စာတည်း - လင်း

#မြေလတ်အသံ

 

#မကွေး #မြို့သစ် #အိုးကုန်း #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10