ကာကွယ်ရေးအဖွဲ့စခန်းတွေကို စုံစမ်းနေတဲ့ စစ်ကောင်စီသတင်းပေးဆိုသူကို PDF က ပစ်ခတ်ရှင်းလင်း

ကာကွယ်ရေးအဖွဲ့စခန်းတွေကို စုံစမ်းနေတဲ့ စစ်ကောင်စီသတင်းပေးဆိုသူကို PDF က ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ အရာတော်အုပ်စု၊ သရက်တပင်ကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူကို အောက်တိုဘာလ ၁၈ ရက် မနေ့ည ၉ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

အသတ်ခံရသူမှာ အသက် ၄၀ ခန့်ရှိ လှဝေ ဆိုပြီဖြစ်ပြီး PDF စခန်းတွေကိုစုံစမ်းကာ စစ်ကောင်စီဆီ သတင်းပေးပို့နေတဲ့အတွက် သူရဲ့နေအိမ်တွင်းအထိ ဝင်ရောက်ပစ်ခတ်ခဲ့ကာ နေရာမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

 "ပြည်သူတွေရဲ့တိုင်ကြားမှုကြောင့် စကစ သတင်းပေးဆိုတာ အတည်ပြုပြီးနေအိမ်မှာဘဲ ၄ ချက်ပစ် ရှင်းခဲ့တာ။ သူမိသားစုဝင်တွေကိုတော့ ဘာမှမလုပ်ခဲ့ဘူး" လို့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၁ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ဦးလှဝေဟာ ဒေသခံတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဆက်သွယ်တယ်ဆိုကာ စစ်ကောင်စီထံ သတင်း ပေးဖမ်းဆီးခိုင်းတာ၊ ညှင်းပန်းနှိပ်စက်ခိုင်းတာ၊ တော်လှန်ပြည်သူတွေရဲ့ သတင်းရယူပြီး  စစ်ကောင်စီထံပေးပို့တာ၊ ပဲခူးရိုးမပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတည်နေရာကို စုံစမ်းထောက်လှမ်းပြီး သတင်းပေးပို့တာတွေလုပ်နေသူလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၁ က နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စက်တင်ဘာလ ၇ ရက်နက ပေါက်ခေါင်းမြို့နယ်၊ ချောင်းဂွကြီးရေထိန်းတံခါးအနီးမှာ တပ်သတင်းပေးဆိုသူ ဆည်မြောင်းဝန်ထမ်း ဗိုလ်ကြီးဟောင်း သန်းဝင်း ပစ်သတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #စစ်တပ်သတင်းပေး #အသတ်ခံရ #PDF #နန်းထိုက်အောင် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10