ကာကွယ်ရေးအဖွဲ့တွေက ကားနဲ့လာပစ်ခတ်လို့ စစ်ဆေးရေးဂိတ်က စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ပုံရွာအနီး စစ်အုပ်စုကဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့နေရာကို ကားနဲ့သွားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃)အဖွဲ့ဆီက သိရပါတယ်။

စစ်ဆေးရေးဂိတ်မှာ စစ်သားအင်အား ၅ ဦးဝန်းကျင်လောက် ဆက်ကြေးကောက်နေချိန် မေ ၉ ရက် နေ့လယ် ၁၁ နာရီ ၂၅ မိနစ်ဝန်းကျင်လောက်က ကာကွယ်ရေးအဖွဲ့တွေက ကားနဲ့သွားပြီး ၁၂ မိနစ်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃) တာဝန်ခံကိုမိုးကြိုးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ စစ်ကောင်စီ ဂိတ်နှစ်ဂိတ်ကြားမှာ ဖြစ်တာကြောင့် ပစ်ခတ်မှုအပြီး လက်နက်မကောက်နိုင်ဘဲ ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ သူကဆိုပါတယ်။

အဲဒီပစ်ခတ်မှုအတွက် ၁ လခန့် အစီစဉ်ဆွဲရပြီး ပြည်သူလူထုနဲ့အလှမ်းဝေးတဲ့နေရာတခုမှာ ၅ ရက်ခန့်စောင့်ဆိုင်းပြီးနောက် ကားနဲ့သွားပစ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဆက်ကြေးကောက်တဲ့ဂိတ်က စစ်သားတွေဟာ စွမ်းရည်ထက်ဆီဆိုင်အနီးဂိတ်ကနဲ့ တောပုရွာက ပျူစောထီးတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃)၊ AnyathianRevolutionary Syndicate(ARS) တော်လှန်ရေးတပ်ဖွဲ့ နဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ  #တောင်ပုံရွာအနီး #စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #စစ်အုပ်စု #ဆက်ကြေးကောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10