ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိလို့ ရဲတပ်ကြပ်ကြီးတဦးသေဆုံး

ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိလို့ ရဲတပ်ကြပ်ကြီးတဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်မြို့၊ တီတွတ်ဂေါက်ကွင်းအနီး ပြည်-အောင်လံ ကားလမ်းမပေါ် မှာ ကားတိုက်ခံရလို့ ရဲတပ်ကြပ်ကြီး ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၉ ရက် နေ့လယ် ၁ နာရီခန့်မှာ မကွေးကနေ ပြည်ဘက်ကိုမောင်းလာတဲ့ ကောင်းမြတ်သာ ခရီးသည်တင်ယာဥ်နဲ့ ပြည်ဘက်ကမောင်းလာတဲ့ ရဲတပ်ကြပ်ကြီးသားအဖရဲ့ဆိုင်ကယ်တို့ ဂေါက်ကွင်းနားမှာ တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ကားနဲ့ဆိုင်ကယ်နဲ့က တည့်တိုက်ပြီး ဆိုင်ကယ်က ကားအောက်ကနေညှပ်ပါသွားတော့ ဆိုင်ကယ်မောင်းသူ ရဲတပ်ကြပ်ကြီးက ဆိုင်ကယ်နဲ့ညှပ်ပါသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ရဲတပ်ရင်း ၁၀ က အသက် ၅၀ ကျော်အရွယ် ရဲတပ်ကြပ်ကြီးရဲ့ ဦးခေါင်း ထိိခိုက်ဒဏ်ရာ၊ နားသွေးထွက်ဒဏ်ရာ၊ ခြေထောက်တဖက်နဲ့ လက်တစ်ဖက်ကျိုးဒဏ်ရာ၊ တင်ပါးတို့မှာ ထိခိုက်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။

ဒါ့အပြင် အသက် ၃၀ အရွယ် သမီးဖြစ်သူမှာလည်း ခြေထောက်ဒဏ်ရာတွေရရှိခဲ့ပြီး ၂ဦးစလုံးကို ဒေသခံတွေက ပြည်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

ယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး ခရီးသည်တင်ယာဥ်မောင်းကိုတော့ ရဲကဖမ်းဆီးပြီးစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

မတ် ၂၆ ရက်ကလည်း ပြည်မြို့၊ ဆင်စုရပ်ကွက်၊ နဝဒေးလမ်းဆုံမှာ ယာဥ် ၃ စီးတိုက်မှုဖြစ်ပြီး ၂ ဦးသေ ၇ ဦးဒဏ်ရာရတယ်လို့  သိရပါတယ်။

#မြေလတ်အသံ

#ယာဥ်တိုက်မှု #ပြည် #တီတွတ် #မကွေး #ပြည်_အောင်လံ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10