ကားနဲ့လစာထုတ်လာတဲ့ ပျူစောထီးခေါင်းဆောင်အပါ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာက လစာထုတ်ဖို့ ကားနဲ့ထွက်လာတဲ့ ပျူစောထီးခေါင်းဆောင်အပါ ၃ ဦး PDF တွေက ပစ်ခတ်လို့ ၃ ဦးလုံးသေဆုံးတယ်လို့ ရွှေဘိုအားမာန် မြို့ပြပြောက်ကျား အဖွဲ့ဆီက သိရပါတယ်။

မတ် ၂၈ ရက် မနက် ၉ နာရီ ၂၀ မိနစ်ခန့်မှာ မြင်းချင်းရွာကနေ ရွှေဘိုကိုသွားရောက်ကာ လစာထုတ်ဖို့လာတဲ့ကားကို ကျွန်းတောအနီးမှာ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ရာမှာ ပျူစောထီးခေါင်းဆောင်အပါ ၃ ဦးစလုံးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Mark II ကားကိုမှန်အလုံပိတ်ပြီး မြင်းချင်းပျူစောထီးခေါင်းဆောင်ထွန်းနိုင် သူ့အမျိုးသမီးနဲ့ ပျူစောထီး ကောင်းကောင်း ၃ ယောက်တို့ ပစ်ခတ်ခံရကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ AK သေနတ် အစုတ် ၁ လက်‌ ရခဲ့တယ်ရွှေဘိုအားမာန် မြို့ပြပြောက်ကျား တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က နှစ်ဖက်ညှပ်တက်လာလို့ ကားနဲ့ သေဆုံးအလောင်းတွေကို ဒီအတိုင်းပစ်ထားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ရွှေဘိုအားမာန် မြို့ပြပြောက်ကျား ၊ သိခ်အားမာန်၊ မဟူရာရွှေဘိုသား၊ HG FIGHTRS (LPDF)၊ ဖျံအဖွဲ့ ၊ စွန်ရဲရွှေဘို(LPDF)၊ shwebo Crocodile၊ Young NI၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ရွှေဘိုတိုက်နယ် ၂ တပ်ပေါင်းစု၊ ရွှေဘိုတိုက်နယ် ၅ တပ်ပေါင်းစု၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ)၊ ဇာမဏီဒေါင်း(ဒပယ) တို့ကပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #မြင်းချင်းရွာ #ပျူစောထီးခေါင်းဆောင် #ပစ်ခတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10