ကား ၄ စီး မိုင်းဆွဲခံရပြီး စစ်သား ၆ ဦးသေဆုံးဟုဆို

ကား ၄ စီး မိုင်းဆွဲခံရပြီး စစ်သား ၆ ဦးသေဆုံးဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ နနွန်းတော်ဘို့ကျေးရွာက စစ်ကောင်စီအင်အား ၄၀ ခန့်လိုက်ပါလာတဲ့ကား ၄ စီးကို နနွင်းတော်ဘို့ရွာရဲ့တောင်ဘက် ရထားလမ်းပိုင်းမှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

မတ် ၃ ရက် မနက် ၁၀ နာရီ ၂၀ မိနစ်လောက်မှာ နနွင်းတော်ဘို့ရွာရဲ့တောင်ဘက် ရထားလမ်းပိုင်းမှာ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ Light Truck ကား ၂ စီး 4 Wheels ကား ၁ စီး၊ မှန်လုံကား ၁ စီးနဲ့ထွက်လာတာဖြစ်ပြီး ၂ စီးမြောက် Light Truck ကားကိုဆွဲခဲ့တာဖြစ်ပါတယ်။

"နနွင်းတော်ဘို့ကျေးရွာမှာ ၂ ရက် ညအိပ်တဲ့ **တွေပေါ့၊ မြင်းခြံက စစ်ကောင်စီတပ်သားတွေလည်းပါတယ်၊ ပျူစောထီးလည်းပါတယ်" လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၆ ယောက်ကိုတော့ မြင်းခြံ ခြေမြန်တပ်ရင်းထဲကို ခေါ်သွားပြီးခြေမြန်တပ်ရင်းကနေ လူနာတင်ကားနဲ့ မြင်းခြံဆေးရုံကို အလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို သယ်သွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်တို့က ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#နွားထိုးကြီး #နနွန်းတော်ဘို့ကျေးရွာ #MyingyanBlackTiger #မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10