ကား၊ ဆိုင်ကယ်တွေကို ငွေတောင်းနေတဲ့စစ်အုပ်စု အလစ်ဝင်ပစ်ခံရလို့ ၂ ဦးခန့် သေဆုံးဟုဆို(ရုပ်/သံ)

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘိုးဘွာရိပ်သာအဝိုင်းပတ်ရဲ့မြောက်ဘက် တာဝါတိုင်အောက်မှာ ကားနဲ့ ဆိုင်ကယ်တွေကို ငွေတောင်း‌နေတဲ့စစ်သား ၃ ဦးကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း (၂၂) နတ်ဆိုးတပ်ရင်း တပ်ဖွဲ့ဆီက သိရပါတယ်။

မေလ ၁၆ ရက် မနက် ၆ နာရီဝန်းကျင်မှာ စစ်သားတွေရှိတဲ့နေရာကနေ ပေ ၁၅၀ ဝန်းကျင်အကွာက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မုံရွာခရိုင်တပ်ရင်း(၂၂) နတ်ဆိုးတပ်ရင်း တပ်ရင်းမှူး ဗိုလ်နတ်ဆိုးက ပြောပါတယ်။

“၃ ယောက်ရှိတာကို ၂ ယောက်ကမှန်ပြီးတော့ နေရာမှာတင်လဲကျပြီး သေဆုံးသွားတယ်၊ ကျနော်တို့ ပစ်နေချိန်မှာ ၂ ယောက်ကတော့ ပြန်မပစ်နိုင်ဘူး၊ တယောက်ကတော့ ကျနော်တို့ တော်တော်လေးဝေးတဲ့နေရာရောက်မှ သေနတ်နဲ့ပြန်ပစ်တယ်" လို့ တပ်ရင်းမှူး ဗိုလ်နတ်ဆိုးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဲဒီနေရာကို စစ်ကောင်စီတပ်သားတွေက ပိတ်ဆို့ပြီး လိုက်လံစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#မုံရွာ# စစ်သားပစ်ခတ်ခံရမှု #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10