ကိုင်းတောမရဲစခန်းကို PDF တွေ ၃ ရက်ဆက် တိုက်ခိုက်၊ ရဲ ၁ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက ကိုင်းတောမရဲစခန်းကို PDF တွေ ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦးသေကာ ၃ ဦးဒဏ်ရာရတယ်လို့ Earthquake People's Defence Force ဆီက သိရပါတယ်။

အင်အား ၈၀ ဝန်းကျင်ရှိတဲ့ ကိုင်းတောမ ရဲစခန်းကို ဇန်နဝါရီ ၃၀၊ ၃၁ နဲ့ ဖေဖော်ဝါရီ ၁ ရက်တို့မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အာဏာသိမ်း ၃ နှစ်ပြည့်တဲ့ မနေ့က တိုက်ပွဲမှာ ရဲ ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

"မီတာ ၁၀၀ ဝန်းကျင်ကနေ လက်နက်ငယ်အပြင် 79 တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ပစ်ခတ်ခဲ့တာ ရဲ** ၁ ကောင်သေတယ်၊ ၃ ကောင်ထိခိုက်ဒဏ်ရာရတယ်" လို့ Earthquake People's Defence Force တာဝန်ခံ ရဲဘော် ကိုပိန်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Earthquake People's Defence Force၊ Pakokku People's Defence Force (PPDF)၊ မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ စင်္ကြာတပ်ဖွဲ့နဲ့ ပခုက္ကူခရိုင်တပ်ရင်း ၂ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မကွေး #မြိုင် #ကိုင်းတောမရဲစခန်း #PDF #တိုက်ခိုက် #ရဲ #သေဆုံး #ဒဏ်ရာရ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10