ကိုင်းတောမရဲစခန်းကို PDF အဖွဲ့ ၂၀ကျော် လက်နက်ကြီးတွေနဲ့ သွားပစ်

မကွေးတိုင်း၊ မြိုင်မြို့တောင်ပိုင်းက ကိုင်းတောမရဲစခန်းကို PDF အဖွဲ့ ၂၀ ကျော်ပူးပေါင်းပြီး  သွားရောက်တိုက်ခိုက်ခဲ့ကြပါတယ်။

 

ဇူလိုင် ၆ရက် နေ့လယ် ၂နာရီကနေ ၃နာရီခွဲလောက်အထိ လက်နက်ကြီးတွေနဲ့ ကိုင်းတောမရဲစခန်းရဲ့ မီတာ ၂၀၀၀ အကွာကနေ ပစ်ခဲ့ကြတာလို့ ဆိုပါတယ်။

 

ရဲစခန်းထဲမှာ အင်အား ၃၀ကျော်လောက်ရှိတဲ့ စစ်သားတွေကို ၁၂၀၊ ၆၀ မမတွေနဲ့ ဝိုင်းပစ်ခဲ့ကြတာလို့ Pakokku Underground Force တာဝန်ခံက ဆိုပါတယ်။

 

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုင်းတော်မရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲလို့ ထိခိုက်မှုတွေရှိနိုင်ပေမယ့် အတိအကျကို စုံစမ်းမရသေးဘူးလို့ ပြောပါတယ်။

 

ဒီပစ်ခတ်တိုက်ခိုက်မှုကို Pakokku Underground Force၊ တမာမြေပြောက်ကျားတပ်ဖွဲ့၊ စကော်ပီယံတပ်ဖွဲ့၊ ကျားသစ်နက်တပ်မတော်အပါအဝင် မဟာမိတ်အဖွဲ့ ၂၀ကျော် ပူးပေါင်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

 

တည်းဖြတ် - ဇို

 

#မြေလတ်အသံ

#မကွေး #မြိုင် #ကိုင်းတောမရဲစခန်း #PDF #လက်နက်ကြီး #ပစ်ခတ်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10