ကိုင်းတောမရဲစခန်းကို PDF ၃ ဖွဲ့က လက်နက်ကြီးတွေနဲ့ပစ်ခတ် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းကို ဒေသခံမဟာမိတ်အဖွဲ့တွေက ဖေဖော်ဝါရီလ ၁၀ ရက်မနေ့ကနေ့လယ် ၁၀ နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်သား၊ ရဲ နဲ့ ပျူစောထီးအင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစခန်းကို ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ စတဲ့လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Black Cheetah People's Defence Force ရဲဘော်တဦးက ပြောပါတယ်။ “၃ ဖွဲ့ခွဲပြီး အချက် ၁၀၀ ခန့်ပစ်ခတ်နိုင်ခဲ့တယ်၊ ပခုက္ကူဘက်ကလာတဲ့ စစ်*တွေပါ၊ အရင်တုန်းက ရဲစခန်းမှာအထိုင်ချနေတာက ၃၀ ပတ်ချာလည်ပဲရှိတာ၊ အင်အားနောက်ထပ်တိုးတာ ၁၀၀ ပတ်ချာလည်ရှိတယ်၊ ထိခိုက်သေဆုံးမှုတော့ မသိရှိရသေးဘူး" လို့ ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၉ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီးရှိ စစ်‌ကောင်စီစစ်ဆေးရေးဂိတ်က ပျူစောထီးနဲ့ စစ်သားတွေကို Black Cheetah People's Defence Force အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10