ကိုင်းတောမရဲစခန်း တိုက်ပွဲမှာ တပ်မ ၁၀၁ က စစ်သား ၂ ဦးနဲ့ PDF ရဲဘော် ၁ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် ကိုင်းတောမရဲစခန်းမှာ တပ်စွဲထားတဲ့ တပ်မ ၁၀၁ က စစ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Pakokku Underground Force အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၂၇ ရက် မနေ့ညနေ ၅ နာရီခွဲကနေ ညနေ ၆ နာရီကျော်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့သလို Pakokku Underground Force က ရဲဘော် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

"ကျနော်တို့ ညနေ ၅ နာရီခွဲကနေ ၆ နာရီကျော်ကျော်အထိ တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ Pakokku Underground Force က ရဲဘော် ၁ ဦးကျပြီး ‌စခ ၂ ကောင်သေဆုံးတယ်" လို့ Pakokku Underground Force  တာဝန်ခံက ပြောပါတယ်။

ရဲဘော်ကတော့ စစ်ကောင်စီဘက်က ပစ်တဲ့လက်နက်ကြီး ထိမှန်သေဆုံးတာမဟုတ်ဘဲ ၆၀ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ဖို့ပြင်ဆင်ရာက မတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ မဟာမိတ် ၁၀ ဖွဲ့ကျော်ပူးပေါင်းပြီးတော့ စစ်တပ်အထိုင်ရှိတဲ့ ကိုင်းတောမရဲစခန်းကို တိုက်ခိုက်ခဲ့တာ၊ မနေ့က ညနေ ၅ နာရီခွဲက သွားရောက်ပစ်ခတ်ခဲ့တာ၊ ကျနော်တို့က လက်နက်ကြီး အလုံး ၃၀ လောက် အဝေးကနေပစ်ပေးခဲ့တယ်၊ ကျနော်တို့ကတော့ တာဝေးပစ် ရော့ကတ်တွေသုံးခဲ့တာ။ လက်နက်ငယ်သမားတွေက အနီးကပ်ဝင်ပစ်ပေးခဲ့တယ်"လို့  ပူးပေါင်းအဖွဲ့ထဲမှာ ပါ၀င်တဲ့ Golden Eagle Myaylatt မှ ဗိုလ်လင်းယုန်က ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ မှ Young Force (UG)၊ Pakokku Underground Force တပ်စိတ် ၃ ၊ Thurain-TR တပ်စိတ် ၄ ၊ Golden Eagle Myaylatt၊ ကျားသစ်နက်တပ်မတော်၊ ပြည်သူ့အားမာန်တပ်ဖွဲ့၊ တော်ဝင်ပြောက်ကျားတပ်ဖွဲ့ ၊ တမာမြေ နှင့် စုစုပေါင်း မဟာမိတ်တပ်ဖွဲ့ ၁၀ ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #ကိုင်းတောမရဲစခန်း #တိုက်ခိုက်ခံရ #တပ်မ၁၀၁ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10