ကိုယ်တိုင်ထုတ် ၄၀ မမဗုံးသီး စမ်းသပ်ပစ်ခတ်ချိန် ပြောင်းကွဲလို့ ရဲဘော်တဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ Myingyan Black Tiger(MBT) အဖွဲ့က ၄၀ မမဗုံးသီး ထုတ်လုပ်ပြီး စမ်းသပ်ရာမှ ပြောင်းအတွင်းပေါက်ကွဲပြီး PDF ရဲဘော်တဦး ဒဏ်ရာရခဲ့ပါတယ်။

၄၀ မမ ဗုံးသီးကို ကိုယ်တိုင်ထုတ်လုပ်ပြီး မေလ ၂ ရက်မနက်ပိုင်းမှာ စမ်းသပ်ပစ်ခတ်ရာမှာ ကျည်မထွက်ပဲ ပြောင်းအတွင်းပေါက်ကွဲလို့ MBT အဖွဲ့က အသက် ၁၈ နှစ်အရွယ် ရဲဘော်နိုင်တီတူး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။


"ကျနော်တို့ ထုတ်လုပ်တာက ကြာပါပြီ။ ၄၀ မမ တလုံးကို ၃ သိန်းဖြစ်နေတော့ ကိုယ်တိုင်ထုတ်လုပ်ပြီး စမ်းသပ်ခဲ့တာပါ။ ထုတ်လုပ်မှုကတော့ အောင်မြင်ခဲ့တယ်။ စမ်းသပ်ပစ်ခတ်တဲ့အခါမှာ ပြောင်းထဲမှာပေါက်ကွဲပြီး ရဲဘော် နိုင်တီတူးရဲ့ ညာဘက်မျက်နှာတခြမ်း စုပ်ပြဲပြီး ညာဘက်လက် ကျိုးသွားတယ်" လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲ့ဒီရဲဘော်ကို ကျနော်တို့ Myingyan Black Tiger (MBT) နယ်ဘက်က တနိုင်တပိုင်ဖွင့်ထားတဲ့ ဆေးခန်းတွေမှာ မနိုင်လို့ အခြားနေရာမှာ ကုသနေတယ်လို့ သိရပါတယ်။

Myingyan Black Tiger (MBT)အဖွဲ့မှာ အခုလို စမ်းသပ်ပစ်ခတ်ရာမှ ဗိုလ်မိုက်ခဲအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10