ကိုယ်တိုင်လုပ်ဗုံးသီးတွေနဲ့ တိုက်ပွဲဝင်နေတဲ့ လူငယ်ဒရုန်းတပ်ဖွဲ့ (ရုပ်/သံ)

သူငယ်ချင်း ၃ ယောက်ဖြင့်၂၀၂၁၊ ၁၁ ရက် ၁၁ လတွင်စတင်ခဲ့သော Young Force -UG သည်  လက်ရှိ ရဲဘော်အင်အား ၁၀၀ ကျော်ဝန်းကျင်ဖြင့် ပခုက္ကူနယ်တွင် အခြေစိုက်သည်။

တော်လှန်ရေး ၂ နှစ်ကျော်အတွင်း ကျဆုံး ရဲဘော် ၉ ဦးရှိပြီး ကာလကြာလာသည်နှင့်အမျှ မြေပြင်စစ်ဆင်ရေးများတွင် လက်နက်မလုံလောက်၍ ဒရုန်းဘက်ကို ကူးပြောင်းသွားခဲ့ကြပြီး စစ်ကောင်စီကို ဝေဟင်ကနေ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။

၂၀၂၃ ခုနှစ် မကွေးတိုင်းအတွင်း တိုက်ပွဲဖော်ဆောင်ရာတွင်  မဟာမိတ်အဖွဲ့များနှင့် ပေါင်းကာ ဒရုန်းအဖွဲ့အနေဖြင့် ပါဝင်လာခဲ့ပြီးလက်ရှိတွင် ဒရုန်းအဖွဲ့တခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်လာနိုင်ခဲ့သည်။

မြေပြင်စစ်ဆင်ရေးများကို ပြောက်ကျားစနစ်ဖြင့် ဖော်ဆောင်နေပြီး ဒရုန်းစစ်ဆင်ရေးတွင်ဗုံးသီးဝယ်ဖို့ ငွေကြေးအခက်အခဲများ ရှိလာသည်။ ဘယ်လိုမှ မတတ်နိုင်တော့သည့်အဆုံးဗုံးသီးတွေကို သူတို့ကိုယ်တိုင် ထုတ်လုပ်ခဲ့ကြသည်။

ဗုံးသီးထုတ်လုပ်မှုကို လေ့လာကာ စွန့်ပစ်သံတိုသံစများဖြင့် ကာလတန်းဖိုး ၃ သောင်းဝန်းကျင်သာ ကုန်ကျသည့် လက်လုပ်ဗုံးသီးများကို ထုတ်လုပ်နိုင်ခဲ့ကြသည်။

ဒရုန်းတစီးဖြင့် အစပျိုးခဲ့သည် Young Force -UG သည် ၂၀၂၃ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း ဒရုန်းစစ်ဆင်ရေးပေါင်း ၂၀၀ ကျော် ဆင်နွှဲထားပြီး ဖြစ်သည်။ ဗိုလ်ကြီးအဆင့် ၁ ဦးနှင့် တပ်ကြပ် ၂ ဦးကို သုတ်သင်နိုင်ခဲ့သည်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#YoungForceUG  #ဒရုန်းစစ်ဆင်ရေး #ဗုံးသီးထုတ်လုပ် #မြေလတ်ရုပ်သံ #သတင်း #တော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10