ကိုယ်ဝန်ဆောင် ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး အမျိုးသား ၇ ဦးကို  ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်

ကိုယ်ဝန်ဆောင် ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး အမျိုးသား ၇ ဦးကို  ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ကကိုယ်ဝန်ဆောင် မအေးငြိမ်းသူ ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး အမျိုးသား ၇ ဦးကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့် တရားစွဲဆိုထားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဆီက သိရ ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့  ကျွဲကြီး (ခ) ဘိုငွေ၊ ပြုံးကြီး (ခ) ကျော်စိုးထွန်း၊ အောင်ကြီး (ခ ) အောင်မြင့်ခိုင်၊ ဘဂျမ်း (ခ) ကျော်သူစံ၊ တက်တူး (ခ) မိုးမင်းထက်၊ ကရင် (ခ) အောင်ဆန်းဦး၊ ကျားလေး (ခ) ဝင်းမင်းထက်တို့ ၇ ဦးကို NUG အစိုးရ တရားရုံးမှာ လုယက်မှု၊ ဓားပြမှု ရာဇသတ်ကြီး ပုဒ်မ ၃၉၅/ ၃၉၆/ ၃၉၇ တွေနဲ့ အမှုဖွင့်တရားစွဲထားပြီး ရာဇဝတ်ကြီး အမှုအမှတ် ၂၉/၂၀၂၃နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။


"သူတို့ကို ဖမ်းဆီးပြီးကတည်းက လိုအပ်တာစစ်ဆေးပြီး မုံရွာခရိုင်တရားရေးကို အပ်ထားပါတယ်။ ခုတော့ သူတို့ကို လူသတ်ဓားပြမှုတွေနဲ့ ပုဒ်မတပ် တရားစွဲထားတယ်။ ကျန်တာက တရားရေး အပိုင်းဖြစ်လို့ သက်ဆိုင်ရာက ဆက်လုပ်ပါလိမ့်မယ်"လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြူံရေးအဖွဲ့ တာ ဝန်ရှိသူက ပြောပါတယ်။

 လက်ရှိမှာတော့ ဖမ်းဆီးအမှုဖွင့်ခံထားရသူတွေကို သက်ဆိုင်ရာ တရားရေးရဲ့ လုံခြုံတဲ့နေရာတခုမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုကို ဆက်လက်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။


 ဩဂုတ်လ ၁၀ ရက် ညနေ ၃ နာရီခန့်မှာ မုံရွာမြို့၊  ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းက နေအိမ်တအိမ်ကို လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား ၆ ဦးက ဝင်ရောက်ဓားပြတိုက်စဉ် နေအိမ်အတွင်းရှိ မီးဖွားခါနီးကိုယ်ဝန်ဆောင် အသက် ၂၄ နှစ်အရွယ် မအေးငြိမ်းသူ သေနတ်နဲ့ ပစ် ခတ်ခံရပြီး သေဆုံးသွားခဲ့တာပါ။ 

အဲ့ဒီနောက်မှာ လက်နက်ကိုင်အဖွဲ့ဟာ နေအိမ်မှာရှိနေတဲ့ မအေးငြိမ်းသူရဲ့ ယောက္ခမဖြစ်သူ အမျိုးသမီးကိုပါ သေနတ်နဲ့ထပ်ပစ်လို့ ဒဏ်ရာရသွားသလို နေအိမ်မှာရှိတဲ့ ဖုန်း ၂ လုံးနဲ့ ကလစ်ဆိုင်ကယ်ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မုံရွာ #လူသတ်မှု #လုယက်မှု #တရားစွဲဆို #NUG #တရားရုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10