ကုက္ကိုပင်လဲကျလို့ ကလေး ၁ ဦးအပါ ၃ ဦးထိခိုက်ပြီး နေအိမ် ၃ လုံးပျက်စီး

ကုက္ကိုပင်လဲကျလို့ ကလေး ၁ ဦးအပါ ၃ ဦးထိခိုက်ပြီး နေအိမ် ၃ လုံးပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝင်းရပ်ကွက်၊ ဖိုးခေါင်တံတားအနီးမှာ ကုက္ကိုပင်လဲကျလို့ ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးထိခိုက်ပြီး နေအိမ် ၃ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၇ ရက် ည ၉ နာရီခန့်မှာ ဖိုးခေါင်တံတားအနီးရှိ ကုက္ကိုပင်က မြေသားရေနူးပြီး အမြစ်လှန်ကာ နေအိမ်တွေပေါ် လဲကျခဲ့တယ်လို့ ဆိုပါတယ်။

"ဖြစ်တဲ့အချိန်က မိုးကရွာ၊ နေ့လယ်ကတည်းက ရေကတက်ထားတော့ အပင်က အမြစ်မခိုင်ဘဲ နေအိမ်တွေပေါ် လဲကျသွားတယ်။ လူတွေကတော့ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေ ရကုန်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

သစ်ပင်လဲကျတဲ့အတွက် အသက် ၉ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ ၄၀ နှစ်အရွယ် မဆု ဆိုသူနဲ့ ၅၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာပါ။ 

ဒါ့အပြင် မဆု၊ ဒေါ်ခင်သန်း၊ ဒေါ်ခင်ဆွေတို့ ၃ ဦးရဲ့ သွပ်မိုးထရံကာ နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

မဆုကတော့ ဒဏ်ရာများတဲ့အတွက် ပြည်ဆေးရုံကို ပို့ဆောင်ကုသနေရပြီး ကျန် ၂ ဦးကတော့ နေအိမ်တွေမှာပဲ ဆေးထည့်ကုသနေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #ကုက္ကိုပင်လဲကျ #၃ဦးဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10