ကုက္ကဲရဲစခန်းရှေ့မှာ ဂိတ်ကြေးတောင်းနေတဲ့ ရဲတွေ ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းရှေ့မှာ ဂိတ်စခန်းဖွင့်အထိုင်ချနေတဲ့ ရဲတွေကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့စဥ် ထွက်ပြေးသွားရောက်ခိုတဲ့ နေအိမ်ထဲအထိ ထပ်မံဗုံးချတိုက်ခိုက်ခဲ့လို့ ရဲ ၄ ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံနဂါးနီပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ယခုလ ဇန်နဝါရီ ၅ရက် မနက်၈နာရီလောက်မှာ ကုက္ကဲကျေးရွာရဲစခန်းရှေ့မှာ ရဲတွေ ဂိတ်ဖွင့်ပြီး လမ်းသွားလမ်းလာတွေကို ပိုက်ဆံတောင်းနေတယ်လို့ ဖရဲသီးသတင်းပေးလို့ မြင်းခြံနဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တို့က (Fixed Wing) ဒရုန်းတွေနဲ့ သွားရောက်ဗုံးချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

"ချလည်းချလိုက်ရော ရွာထဲဝင်ပြေးတယ်။ အဲ့ဒီမှာကျွန်တော်တို့ ဖရဲသီးရှိတယ်လေ။ ဘယ်သူ့ အိမ်ထဲတော့ရောက်နေပြီ အဲ့လိုပြောတော့ ထပ်ချတယ်။ အဲ့မှာအစုလိုက် အပြုံလိုက်ထဲကို သွားကျတာပေါ့"လို့ မြင်းခြံနဂါးနီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ကုက္ကဲရဲစခန်းဟာ မကြာခဏတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာခံနေရတာကြောင့် ရဲတွေဟာ စခန်းထဲမှာမနေကြဘဲ ကျေးရွာထဲမှာသာ နေထိုင်ကြတယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကို မြင်းခြံနဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း မန္တလေးတိုင်း  ငါးဇွန်မြို့နယ်၊ ပျဉ်းလှတောကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့သွားရောက်ဗုံးချတိုက်ခိုက်ခဲ့ရာမှာ တပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့သေးတယ်လို့သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းခြံ #ကုက္ကဲရဲစခန်းရှေ့ #ဂိတ်စခန်း #FixedWing #ဒရုန်း #ဗုံးကြဲ #ရဲ #ထိခိုက် #PDF #မြေလတ်ရုပ်သံ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10