ကုန်ကားတွေဆီကပစ္စည်းလုတဲ့ စစ်ကောင်စီတပ်သားတွေ စနိုက်ပါနဲ့ပစ်ခံရလို့ ၁ ဦးသေဆုံး

ကုန်ကားတွေဆီကပစ္စည်းလုတဲ့ စစ်ကောင်စီတပ်သားတွေ စနိုက်ပါနဲ့ပစ်ခံရလို့ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အရာ‌တော်မြို့နယ်၊ မြို့အထွက်က အမှတ်၂ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တယ်လို့ အရာတော်မြို့နယ် တိုက်နယ်တာဝန်ခံတဦးဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၂၇ ရက် မနေ့မနက် ၈ နာရီဝန်းကျင်က အရာတော်မြို့‌ထဲကနေ မြို့မြောက်ပိုင်းကို မောင်းနှင်လာတဲ့ ခြောက်ဘီးကား ၄ စီးကို မြို့အထွက် အမှတ်၂ စစ်ကောင်စီဂိတ်မှာရှိတဲ့ စစ်သားတွေက သေနတ်နဲ့ချ်ိန်တားဆီးကာ ပစ္စည်းတွေလုယူခဲ့တယ်လို့ သတင်းရတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ဖုန်း ၆ လုံး၊ နားကပ် ၁ စုံနဲ့ လက်စွပ် ၁ ကွင်းနဲ့ ငွေသားတော်တော်များများပါသွားတယ်လို့ ပြည်သူတွေ လာအကြောင်းကြားလို့ ကျနော်တို့ သွားပစ်တာဖြစ်တယ်။” လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ရဲ့ တိုက်နယ်တာဝန်ခံတဦးက ပြောပါတယ်။

အခုလို လုယက်ခံလိုက်ရတဲ့ ကားတွေဟာ အရပ်သားပြည်သူတွေရဲ့ ကုန်သည်ကားတွေဖြစ်ပြီး လုယက်ခံလိုက်ရတဲ့ နေရာပတ်ဝန်းကျင်မှာလည်း စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်ခဲ့တဲ့ ခြေရာလက်ရာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

ပြည်သူတွေအနေနဲ့ ကာကွယ်‌ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ လုံခြုံရေး အာမခံနိုင်ပေမယ့် စစ်ကောင်စီတပ်သားတွေရှိ‌တဲ့‌နေရာကို ဖြတ်သန်းပြီး မဖြစ်မနေ ခရီးသွားရမယ်ဆိုရင် တန်ဖိုးကြီးပစ္စည်းတွေ၊ ရွှေငွေတွေ ဝတ်မသွားဖို့လည်း အဆိုပါ တိုက်နယ်တာဝန်ခံက သတိပေး ပြောဆိုထားပါတယ်။ 

အရာတော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး မြို့တဝိုက်နဲ့ မြို့အနီးနားက လမ်းတွေမှာ ကင်းပတ်တာ၊ ခရီးသွားပြည်သူတွေကို ငွေညှစ်တာတွေ လုပ်လေ့ရှိတယ်လို့လည်း ‌‌သိရပါတယ်။

သတင်း - ငြိမ်းချမ်းမေ၊ စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #စစ်တပ် #စနိုက်ပါ #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10