ကုန်ကျစရိတ်ကြောင့် တိုက်ပွဲတိုင်းမလိုက်နိုင်လို့ နားလည်ပေးဖို့တောင်းဆို ( ရုပ်/သံ)

တိုက်ပွဲကုန်ကျစရိတ်များပြီး အကြွေးတွေတင်နေလို့ အရင်လို တိုက်ပွဲတွေမလိုက်နိုင်ဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်း အခြေစိုက် Chindwin Toe Na Yar P.D.F တာဝန်ခံ ဗိုလ်မြကြီးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲတိုင်းကို မလိုက်နိုင်ပေမယ့် လက်နက်ကြီးထုတ်လုပ်မှုအပိုင်းကိုတော့ ရှိတာတွေထုတ်ရောင်းပြီး ဆက်ထုတ်နေသလို၊ မိတ်ဆွေအသင်းတွေဆီက ယုံကြည်မှုနဲ့ အကြွေးယူပြီး တပ်ဖွဲ့ကို ရပ်တည်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တိုက်ပွဲတွေမလိုက်နိုင်သေးပဲ အဖွဲ့ရေရှည်ရပ်တည်ရေးအတွက် ပြန်ပြီးတည်ဆောက်နေတဲ့ကာလမှာ Chindwin Toe Na Yar P.D.F အဖွဲ့ကို မဟာမိတ်အဖွဲ့တွေအနေနဲ့ နားလည်ပေးကြဖို့ ဗိုလ်မြကြီးက ပြောပါတယ်။

တည်းဖြတ်- CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10