ကုန်ကျစရိတ်မတတ်နိုင်လို့ လက်နက်ထုတ်လုပ်ရေးရပ်ထားရဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းမှာ လက်နက်ထုတ်လုပ်နေတဲ့ ရိုးမရာဇာ နယ်စည်းမခြားအဖွဲ့က ထုတ်လုပ်ရေးပိုင်းမှာ ကုန်ကြမ်းရရှိဖို့ အခက်အခဲတွေ ရှိလာနေသလို စရိတ်ထောင်းလာတဲ့အတွက် လက်နက်တွေကို မထုတ်လုပ်နိုင်တော့ဘဲ ရပ်နားထားရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း ပုလဲမြို့နယ်မှာ လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်လိုက်သလို လက်နက်ထုတ်လုပ်ရာမှာလည်း လိုအပ်တဲ့ ကုန်ကြမ်းနဲ့ ဒီဇယ်ဆီအတွက် ဝယ်ယူစရိတ်က အဆမတန်ကြီးမားနေတာကြောင့် လက်နက်တွေ မထုတ်လုပ်နိုင်တော့ဘူးလို့ ရိုးမရာဇာ နယ်စည်းမခြား တပ်ရင်းမှူး ဗိုလ်လဂွန်းအိန်က ပြောပါတယ်။

တပ်ဖွဲ့အတွက် MOD က တလကို သိန်း ၆၀ ထောက်ပံ့ပေးနေပြီး တိုက်ပွဲနဲ့ လက်နက်ထုတ်လုပ်မှုကို ပြည်သူတချို့ထောက်ပံ့တာနဲ့ ရပ်တည်နေရတာလို့ ဆိုပါတယ်။ လက်ရှိ စစ်အုပ်ချုပ်ရေးမှာပါတဲ့ ပုလဲမြို့ဟာ တိုက်ပွဲတွေစိပ်လာနေသလို အဲဒီက ရွာတွေကို စိုးမိုးဖို့ စစ်ကောင်စီက စစ်ကြောင်းထိုး အထိုင်ချတာတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - ခင်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10