ကုန်းခြားရွာ နေအိမ် ၈၀ ကို ကပစ ၂၁ စစ်သားတွေ မီးရှို့သွား၊ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲမှာရှိတဲ့ ကုန်းခြားရွာက နေအိမ်တွေကို ကပစ ၂၁ စစ်သားတွေက မီးရှို့သွားလို့  ရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ 

မေ ၂၄ ရက် မနက် ၉ နာရီဝန်းကျင်မှာ ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်းကျေးရွာအနီး ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၁ က စစ်သားအင်အား ၈၀ လောက်ဟာ ကုန်းခြားရွာထဲ ဝင်ရောက်ကာ နေအိမ် ၈၀ ကို မီးရှို့သွားကြတာပါ။ 

အဲဒီနေ့ မနက်ပိုင်းမှာ ကုန်းခြားရွာအနီးကို ရောက်လာတဲ့ ကပစ ၂၁ စစ်ကြောင်းက ကာကွယ်ရေးအဖွဲ့တွေ ထောင်ထားတဲ့ မိုင်းပွိုင့်တွေကို ဒရုန်းနဲ့ ဗုံးကြဲချသလို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးမှ ရွာထဲဝင် မီးရှို့ပြီး ပြန်သွားကြတယ်လို့  ဆိုပါတယ်။ 

ကုန်းခြားရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ရှိကာ မြေပြင်သတင်းပြောပြချက်အရ အိမ် ၈၀ လောက်မီးရှို့ခံလိုက်ရပြီး တရွာလုံး ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စလင်း #ကပစ၂၁ #စစ်သား  #ကုန်းခြားရွာ #မီးရှို့ #အိမ်၈၀မီးလောင် #ဒေသခံ #ထွက်ပြေးတိမ်းရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10