ကုလားရှင်ကျေးရွာ စစ်ဆေးရေးဂိတ် ၆၀ မမ နဲ့ ပစ်ခံရလို့ ပျက်စီး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာ စစ်‌ဆေးရေးဂိတ်မှာ အထိုင်ချနေတဲ့  စစ်သားနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဂဠုန်တပ် နတ်မောက် PDF အဖွဲက ပြောပါတယ်။

စစ်ကောင်စီအင်အား ၃၀ ယောက်ဝန်းကျင်လောက်နဲ့ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာ စစ်ဆေးရေးဂိတ်မှာ အထိုင်ချနေတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေနဲ့ ပျူစောထီးတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်ခဲ့တာလို့ ဂဠုန်တပ် နတ်မောက် PDF တပ်ခွဲမှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်မှာ အေးချမ်းအောင်ဦးစီးတဲ့တပ်နဲ့ နတ်မောက် တမာပင်ရပ်ကွက်က ပျူစော‌ထီးတွေ အထိုင်ချနေတယ်လို့လည်း သိရပါတယ်၊

ဒီပစ်ခတ်တိုက်ခိုက်မှုကို ဂဠုန်တပ် နတ်မောက် PDF နှင့် တိုက်ဒေါင်းပြည့်သူတော်လှန်ရေး အင်အားစု တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ကလည်း နတ်မောက်မြို့နယ် ဈေးကွက်သစ်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင်ကို ဂဠုန်တပ် နတ်မောက် PDF အဖွဲ့က မြို့သစ်မြို့နယ်၊ ကွင်းကြီးဘက်မှာ ဖမ်းဆီးမိပြီး ဓါးနဲ့ထိုးရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#နတ်မောက် #ကုလားရှင်ကျေးရွာ #စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ  #ဂိတ်ပျက်ဆီး #၆၀မမ #စစ်သား #ပျူစောထီး #PDF #မြေလတ်ရုပ်သံ #ရုပ်သံသတင်း၏

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10