ကောလင်းကိုလာတိုက်တဲ့စစ်ကြောင်းကို ကြားဖြတ်တိုက်လို့ စစ်သား ၃ ဦးသေဆုံး သေနတ် ၄ လက်ရ၊ PDF ၁ ဦးလည်း သေဆုံး

ကောလင်းကိုလာတိုက်တဲ့စစ်ကြောင်းကို ကြားဖြတ်တိုက်လို့ စစ်သား ၃ ဦးသေဆုံး သေနတ် ၄ လက်ရ၊ PDF ၁ ဦးလည်း သေဆုံး

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဝန်းသိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား နိုဝင်ဘာ ၁၄ ရက် မနေ့မနက် ၁၁ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။

ဝန်းသိုမြို့ကနေထွက်ခွာလာတဲ့ အင်အား ၈၀ ခန့်ပါ ခမရ ၃၆၉ စစ်ကြောင်းကို မင်းကုန်းကျေးရွာ အရှေ့ဘက်အရောက်မှာ PDFပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၂ နာရီခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ 

" ဒီစစ်ကြောင်းက ကောလင်းမြို့ကိုတိုက်ဖို့လာတာ။အဲ့ဒါကို လမ်းကနေဖြတ်တိုက်တာပါ"လို့ ကောလင်း PDF နဲ့နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ အရာရှိအဆင့်ကိုင်ဆောင်တဲ့ ပစ္စတိုသေနတ် ၁ လက် ၊ MA 3 ၂ လက်၊ MA 1 ၁ လက် စုစုပေါင်းသေနတ် ၄ လက်သိမ်းဆည်းရရှိတယ်လို့ အမှတ် ၁ စစ်ဒေသထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲဖြစ်ရာနေရာကို ဝန်းသိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းက ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ၅ ကြိမ်ပစ်ခတ်ခဲ့သလို ကန့်ဘလူအခြေစိုက် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းမှထွက်ခွာလာတဲ့ Mi-35 ရဟတ်ယာဥ်တစီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဝင် PDF ရဲဘော် ၁ ဦး သေဆုံးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက ဝန်းသို့မြို့အခြေစိုက် ခမရ ၁၂၀ တပ်ရင်းကို ပြန်ဆုတ်သွားခဲ့ကြတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းရုံးအဖွဲ့နဲ့ ကောလင်းခရိုင် တပ်ရင်း ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်မှာလည်း ဝန်းသိုမြို့ကနေ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်က ကောလင်းမြို့ကို ထိုးစစ်ဆင်လာရောက်တိုက်ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သလို မြို့ပေါ်ကိုလည်း လေယာဥ်တစီးနဲ့ ၄မိနစ်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #ဝန်းသို #စစ်တပ်စစ်ကြောင်း #ကြားဖြတ်တိုက်ခိုက် #ထိခိုက်သေဆုံး #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10