ကောလင်းကို အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ CDM တွေကိုပြန်ခေါ် (Reels)

အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရအုပ်ချုပ်ရေးကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းက နိုဝင်ဘာ ၈ ရက်မှာဖွဲ့စည်းတာဝန်ပေးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဟာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ လည်ပတ်နိုင်ရေးအတွက် CDM ဝန်ထမ်းတွေ ပြန်လည်တာဝန်ထမ်းဆောင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတွေမှာ တာ၀န်ထမ်းဆောင်နိုင်ဖို့ ကောလင်းခရိုင် မြို့နယ်ဌာနအသီးသီးက CDM ၀န်ထမ်းတွေအနေနဲ့ ခရိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီ ဆက်သွယ်ပြီး တာ၀န်ထမ်းဆောင်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၆ ရက်က ကောလင်းမြို့ကို KIA၊ PDF၊ပကဖနဲ့ တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကြားကာလအုပ်ချုပ်ရေးအနေနဲ့ ကောလင်းခရိုင် မြန်မာ့စီးပွါးရေးဘဏ်ကနေ သိမ်းဆည်းရရှိထားတဲ့ ငွေသားသိန်းပေါင်း ၉၀၀၀ ကျော်ကို စာရင်းသွင်းမှတ်တမ်းတင်ထားပြီး နိုင်ငံ့ဘဏ္ဍာနဲ့ပြည်သူအပ်နှံထားတဲ့ငွေကြေးတွေ နစ်နာဆုံးရှုံးမှုမရှိအောင် စီမံခန့်ခွဲနေပါတယ်။ 

လက်ရှိမှာ ကြားကာလအုပ်ချုပ်ရေးအနေနဲ့ NUG အစိုးရက ထိန်းချုပ်ကွပ်ကဲနေတဲ့ ကောလင်းမြို့ကို စစ်ကောင်စီက ဆက်သွယ်ရေးလိုင်း၊ အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီးတွေဖြတ်တောက်ထားပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10